[၁၄၉] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

2.8K 554 22
                                    

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၂၁)။

လင်ခုံးလုအတွေးထဲနစ်သွားတာမြင်တော့ ဂိုဏ်းချုပ်ချီဟွာသက်ပြင်းချမိပြန်သည်။
"လင်ဂိုဏ်းချုပ်၊ သတိထားနော်၊ မင်းတပည့်က....အပေါ်ယံမှာလိုမျိုးမရိုးရှင်းတဲ့ပုံပဲ။"

အမှန်တော့ရှဲ့ကျင်းဟုန်ဟာထိုနေ့ကသူ့ကိုဒဏ်ရာရအောင်လုပ်ပြီးအကြီးအကဲလုကိုသတ်ပစ်ပြီးလင်ခုံးလုကိုပြန်ပေးဆွဲသွားခဲ့သည့်မိစ္ဆာကျင့်ကြံသူဟုဂိုဏ်းချုပ်ချီဟွာအမြဲခန့်မှန်းမိပေမဲ့ သူ့မှာသက်သေမရှိပေ။

လွန်ခဲ့သောရက်အနည်းငယ်ခန့်က ကံကြွေးတင်နေခဲ့သည့်အကြီးအကဲအများအပြားတစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားခဲ့ကြသဖြင့် ရှဲ့ကျင်းဟုန်ကထိုကိစ္စကိုလုပ်ခဲ့သည်ဟုသူသံသယဝင်မိသည်။ နောက်တော့ထျန်းယွမ်ဂိုဏ်း၏အကြီးအကဲလုကသူလက်စားချေချင်သည်ဟုဆိုကာ ထို့နောက်သူလည်းထိုမိစ္ဆာကျင့်ကြံသူထံမှအသတ်ခံခဲ့ရသည်။

အကြီးအကဲလုနှင့်အခြားသူများကကံကြွေးတင်နေသဖြင့် သူတို့ကမမှန်ကန်တာတစ်ခုခုလုပ်ခဲ့တာဖြစ်ရမည်။ ရှဲ့ကျင်းဟုန်ကအပြစ်ကင်းသောလူတို့ကိုမဆင်မခြင်သတ်ပစ်ခဲ့မည်မဟုတ်တန်ရာ ဂိုဏ်းချုပ်ချီဟွာဒီကိစ္စမှာကြားဝင်စွက်ဖွက်ဖို့မရည်ရွယ်ထားဘဲ လူအနည်းငယ်ကိုကြင်နာစွာအသိပေးခဲ့သည်။

ထိုနေ့ကအကြီးအကဲလုကိုကူညီခဲ့တာကတော့ သူကံဆိုးပြီးသူနှင့်မတော်တဆဝင်တိုးခြင်းပင်။ ဖြောင့်မတ်မှန်ကန်တဲ့ကျင့်ကြံသူအနေဖြင့် သူထိုအချိန်ကဘာမှမလုပ်ဘဲနေနိုင်ခဲ့ပါ့မလဲ။

သို့သော်လင်ခုံးလုကတော့ထိုလူများနှင့်မတူ။ သူကကောက်ကျစ်သောလူတစ်ယောက်နှင့်တူသည်ဟုဂိုဏ်းချုပ်ချီဟွာမထင်ပေ။ လမ်းတစ်လျှောက်မှာတောင် တစ်ဖက်လူကသူ့တပည့်ရှဲ့ကျင်းဟုန်ကိုချစ်မြတ်နိုးပြီးသူ့ကိုနေရာတိုင်းမှာဂရုစိုက်ပေးသည်။ သူကရှစ်စွင်းကောင်းတစ်ယောက်ပင်။

ဂိုဏ်းချုပ်ချီဟွာတကယ်ဖော်ထုတ်မရနိုင်ပေ။ ဒီလိုရှစ်စွင်းကဘယ်လိုလုပ်ပြီးသူ့တပည့်အပေါ်ကံကြွေးတင်နိုင်မှာလဲ။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now