[၁၀၄] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.7K 643 5
                                    

!unicode!

ညဘက်၌ ဝံပုလွေများမှာအမဲလိုက်ထွက်သွားကြပြန်ပေမဲ့ စဲ့ရှီးအာကတော့မထသေးပေ။

ဘေးအိမ်ကဝံပုလွေများထပ်မံတိုက်ခိုက်လာမည်စိုးသဖြင့် သူပိုင်နက်ထဲမှာနေပြီး အနီးနားကယုန်အနည်းငယ်ကိုသာဖမ်းလိုက်သည်။

လင်ခုံးလုကမအိပ်ဘဲ မီးမွှေးပြီးနောက် လက်ဦးမှုရယူကာ ယုန်ကင်ပေးရင်း လုပ်ငန်းစဥ်အတွင်းမှာခဏခဏမေးလိုက်သည်---

"ရှောင်လောင်၊ မင်းအပျော့ကင်တာကြိုက်လား၊ အမာကင်တာကြိုက်လား။"

"ရှောင်လောင်၊ မင်းအချိုကြိုက်လား၊ အစပ်ကြိုက်လား။ ဒါမှမဟုတ်အချိုလား၊ အချဥ်လား။"

"ရှောင်လောင်၊ ငါ့ကိုအမွှေးရွက်တွေကမ်းပေးပါအုံး။"

"ရှောင်...."

သူတမင်သက်သက်စကားကိုနှေးချကာ မသိမသာမြင့်တက်သွားသောအဆုံးသတ်ဖြင့် ချိတ်ကောက်ပမာကော့တက်သွားပြီး သူ့မျက်လုံးများကစဲ့ရှီးအာ၏ဘေးတိုက်မျက်နှာကိုအမြဲလေးနက်စွာကြည့်နေပြီး အပြုံးလေးက ညကောင်းကင်ယံထဲရှိကြယ်များပမာတောက်ပလျက်ရှိသည်။

စဲ့ရှီးအာ၏နားရွက်မှာသူ၏ခေါ်သံကြောင့်နီစွေးသွားပြီး အပူမှာလုံးဝမလျော့ကျသွားပေ။

သူတို့နှစ်ယောက်ဘေးမှာဆောင့်ကြောင့်ထိုင်နေသည့်ဝံပုလွေဖြူလေးကခေါင်းဆန့်ကာ မဝံ့မရဲအူလာသည်။
"ဝံပုလွေဘုရင်မ၊ ကင်စရာမလိုပါဘူး၊ တန်းစားလို့ရတယ်လေ။"

လင်ခုံးလုသူ့ခေါင်းလေးကိုပုတ်ပေးကာ အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။
"ငါ့ကိုဝံပုလွေဘုရင်မလို့မခေါ်နဲ့၊ မင်းငါ့ကို....ရှောင်လု(သမင်လေး)လို့ခေါ်လို့ရတယ်။"

သူအစကသူ့ကို"လုကော"ဟုခေါ်စေချင်ပေမဲ့ ဝံပုလွေဖြူလေးကိုသူ့ကိုကောဟုခေါ်ခိုင်းတာကထူးဆန်းသည်ဟုခံစားလိုက်ရသဖြင့် သူ့နာမည်ကိုယာယီပြောလိုက်သည်။

သူ့ကို"ဝံပုလွေဘုရင်မ"ဟုမခေါ်နဲ့ဟုသူပြောတာကိုစဲ့ရှီးအာကြားလိုက်ရသော် အလိုလိုခေါင်းလှည့်ကြည့်လိုက်မိပြီး သူ့နားရွက်ရှိအပူမှာတမဟုတ်ချင်းလျော့ကျသွားချေသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now