[၄၂] ကမ္ဘာပျက်ကပ်ကရည်းစားဟောင်း။

6.5K 1.1K 56
                                    

!unicode!

ယောင်းရီနှင့်ထျန်းဝူမှာကျန့်စစ်ဝင်လာပြီး လူငယ်လေးကိုပွေ့ကာခေါ်သွားပုံကို အသက်ပင်မရှုရဲဘဲရပ်ကြည့်နေမိကြသည်။

ကျန့်စစ်ခြံဝန်းထဲကထွက်သွားပြီး လူငယ်လေးကိုကားထဲခေါ်သွားမှသာ ယောင်းရီသူ့ရင်ဘတ်ကိုပုတ်ကာ ချဲ့ကားပြောဆိုမိသည်။
"ဘုရားရေ၊ ခုနကစစ်ကောရဲ့မျက်လုံးတွေငါ့ကိုသေအောင်ကြောက်သွားစေတာ၊ ဇွန်ဘီတွေထက်ကြောက်ဖို့ကောင်းတယ်။"

ထျန်းဝူမှာအနည်းငယ်ရိုးသားပွင့်လင်းကာ မတုံ့မဆိုင်းမေးမြန်းလာသည်။
"သူ့ကိုမနှိုးကြရအောင်လား။ ဒီတစ်ခေါက်ညဘက်လျှောက်သွားတာကအရင်ကထက်ပိုဆိုးသလိုပဲနော်။"

အတိတ်မှာတုန်းကအများဆုံး သူကနေရာတိုင်းမှာလူရှာ၊ မဟုတ်ဘူး၊ အတိအကျပြောရရင် ဇွန်ဘီအနည်းငယ်ကိုလိုက်ရှာတတ်သည်။ ကျန့်စစ်မှာညဘက်လျှောက်သွားစဥ်အတောအတွင်းမှာသူ့ချစ်သူကဇွန်ဘီတစ်​ကောင်ဟုထင်နေပုံရသည်။ ဒါပေမဲ့ဒီတစ်ခေါက်ကမတူပေ၊ ဒီတစ်ခေါက်သူကတစ်စုံတစ်​​​ယောက်ကိုဒီအတိုင်းပွေ့ကာခေါ်သွားရုံသာ။

"ငါ့ကိုပြောစေချင်ရင် လက္ခဏာတွေကသိသိသာသာကိုလျော့ပါးသွားပြီပဲ။"
ယောင်းရီမေးစေ့ကိုပွတ်ကာ စမ်းစစ်ကြည့်လိုက်သည်။
"မင်းမြင်တဲ့အတိုင်းပဲ၊ အတိတ်မှာတုန်းက နေရာတိုင်းမှာဇွန်ဘီတွေကိုလိုက်ရှာခဲ့တော့ အကိုက်ခံရလွယ်တယ်။ အခုပစ်မှတ်ကရှင်းလင်းသွားပြီဆိုတော့ သူအကိုက်မခံရတော့ဘူးလေ၊ ဒီတော့ဒါကပိုပြီးတော့အန္တရာယ်မကင်းဘူးလား။"

"....ငါ့အထင် လင်လူကြီးမင်းနိုးလာလို့ရှိရင်သူ့ကိုကိုက်ပစ်လိုက်နိုင်တယ်နော်။"
ထျန်းဝူတုံ့ဆိုင်းနေမိသည်။

"ဘာမှမဖြစ်ပါဘူး၊ လင်လူကြီးမင်းကဇွန်ဘီမှမဟုတ်တာ။ အများဆုံးတော့ကိုက်ချက်ကခဏနာရုံပဲပေါ့။ ငါ့အထင် စစ်ကောကလင်လူကြီးမင်းကိုလူစားထိုးအဖြစ်သုံးသင့်တယ်နော်။ လင်လူကြီးမင်းကအသားဖြူပြီးတော့ကြည့်ကောင်းတယ်။ သူကမိန်းကလေးနဲ့တူတဲ့အပြင် သူ့ပုံစံကအရင်ကစစ်ကောရှာတွေ့ခဲ့တဲ့ဇွန်ဘီလေးတွေနဲ့နည်းနည်းဆင်တယ်လေ။"
ယောင်းရီစမ်းစစ်ကြည့်လိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now