[၇၈+၇၉] သူဌေးကြီးနှင့်အစားထိုးခံ။

6.6K 1.1K 84
                                    

!unicode!

အခန်း(၇၈) သူဌေးကြီးနှင့်အစားထိုးခံ။

ရှောင်စုန့်သေချာပေါက်ကော်ဖီမလောင်းချရဲပေ။ နောက်နေတာလား၊ ဥက္ကဌယွီ၏သရုပ်မှန်နှင့်နောက်ခံအသိုင်းအဝိုင်းကမကောင်းရင်တောင် တစ်ဖက်လူဟာကုမ္ပဏီကိုစီးပွားရေးကိစ္စဆွေးနွေးဖို့ရောက်လာသည့်ဖောက်သည်တစ်​ယောက်ဖြစ်နေဆဲပင်။

ဥက္ကဌ၏လက်ထောက်တစ်ယောက်အနေဖြင့် သူဖောက်သည်ကိုတစ်ခုခုသွားလုပ်မိရင် ဥက္ကဌလင်ကသူ့ကိုအပြစ်မတင်ဘဲနေမှာတဲ့လား။ လစာအနှုတ်ခံရမှာသေချာသည်။

ဒါပေမဲ့အမြှောက်စာဇာတ်ကောင်လေးကပင်မနန်းဆောင်ရဲ့တိုက်ပွဲမှာ"ဟင့်အင်း"လို့ပြောခွင့်ရပါ့မလား။ တိုက်ပွဲထဲမှာမတော်တဆဆွဲသွင်းခံလိုက်ရတဲ့လက်ထောက်လေးအဖို့ သူကံကြမ္မာရဲ့အကြင်နာတရားကင်းမဲ့မှုကနေဘယ်လိုလုပ်ရုန်းထွက်နိုင်မှာလဲ။ အထူးသဖြင့်.....အတွင်းရေးမှူးယန်းရဲ့မျက်လုံးမှာသိပ်ကိုကြောက်စရာကောင်းလွန်းသည်။

လက်ထောက်စုန့်၏ဦးခေါင်းခွံထုံကိင်သွားရသဖြင့် သူအလျင်အမြန်ကော်ဖီနှစ်ခွက်သွားလောင်းထည့်ကာ လင်ခုံးလုနှင့်ယွီမင်ရှို့ထံသွားပို့လိုက်သည်။

ကော်ဖီလောင်းချမချကတော့ ဘယ်လိုလုပ်တကယ်လောင်းချလို့ရမှာလဲ။ သူအကြပ်အတည်းကိုရှောင်လွှဲဖို့အတွက်သာ ဥက္ကဌလင်ဆီသွားလိုက်တာဖြစ်သည်။ အတွင်းရေးမှူးယန်းဘယ်လောက်ပဲမျက်နှာသာအပေးခံရပါစေ ဥက္ကဌလင်ရှေ့မှာတော့မောက်မာရဲလိမ့်မည်မဟုတ်ဟုသူတွေးလိုက်မိသည်။

ကုန်းတို့ဒရာမာထဲကမျက်နှာသာအပေးခံရဆုံးဧကရီက ဧကရာဇ်ဘေးကကုန်းကုန်းကိုလည်းယဥ်ကျေးတာကိုသူမမြင်ဖူးခဲ့ပါလား။

အစည်းအဝေးအခန်းထဲတွင် လင်ခုံးလုနှင့်ယွီမင်ရှို့မှာထူးဆန်းစွာစကားစမြည်ပြောနေကြတုန်းပင်။

အနည်းငယ်စမ်းသပ်ကြည့်ပြီးနောက် ယွီမင်ရှို့ကအနည်းဆုံးအခုတော့ အပိုင်းအစနှင့်ပတ်သတ်ပြီးဘာမှမသိမှန်း လင်ခုံးလုကောက်ချက်ချလိုက်သည်။

အပိုင်းအစများသူ့ပေါ်ဘယ်လိုရောက်သွားလဲသိဖို့ကမဖြစ်နိုင်မှတော့ သူအားသုံးပြီးရယူဖို့သာတတ်နိုင်တော့သည်။ အရင်ဘဝကသူ့ချစ်သူပေးခဲ့သည့်စွမ်းအားကိုသုံးပြီး အပိုင်းအစများကိုအပြင်ထွက်လာအောင်လမ်းပြနိုင်မလားဆိုတာ လင်ခုံးလုမြင်ချင်မိသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now