[၁၂၉] Arc|7| အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

6.3K 648 7
                                    

!unicode!

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၁)။

နှင်းကျပြီးသည့်ကြည်လင်သောညတစ်ညတွင် ယွီကျင်းတောင်ထိပ်မှာကျင့်ကြံသူတစ်ယောက်တင်ပျဥ်ခွေထိုင်နေပြီး ထိုသူမှာ ဝတ်ရုံဖြူနှင့်ငွေရောင်ဆံနွယ်ရှည်၊ အေးစက်ကာလှပသောမျက်နှာရှိသည်။ တစ်အောင့်ကြာသော် လေပြင်းတစ်ချက်ဝှေ့တ်ုက်သွားပြီး ခြောက်သွေ့ကာအေးစက်သောနှင်းပွင့်ချပ်များကတစ်ချပ်တစ်ချပ်ဝေ့ဝဲကာဖြင့် ထိုလူ၏ဝတ်ရုံပေါ်ကျလာပြီး လှပသောပုံရိပ်ကိုအနည်းငယ်ထပ်ပေါင်းဖြည့်ပေးလို့နေသည်။

လင်ခုံးလုဖြည်းညှင်းစွာမျက်လုံးဖွင့်လိုက်တော့ သူ့မျက်တောင်များမှာနှင်းတို့ဖုံးလွှမ်းနေပြီး သူ့မျက်လုံးများမှာမထူးခြားမခြားနားပေ။ ဒါပေမဲ့နောက်တစ်စက္ကန့်မှာ သူဟိုဟိုဒီဒီဝေ့ဝဲကြည့်မိတော့ သူကတောင်ထွတ်ထိပ်များပေါ်မှာတစ်​ယောက်တည်းရှိနေမှန်းသဘောပေါက်သွားကာ သူ၏တင်ပျဥ်ခွေထိုင်ထားသည့်ခြေထောက်များကိုအလျင်စလိုဖြည်လိုက်မိတော့....

အိစ်၊ ကျင်လိုက်တာ။

အရင်ကမ္ဘာမှာစဲ့ရှီးအာနှင့်တစ်ဘဝလုံးကုန်ဆုံးခဲ့ပြီးနောက်မှာ သူနောက်ထပ်ဘယ်ကမ္ဘာကိုသွားရမလဲဆိုတာကြိုသိရခဲပေမဲ့ သူမျက်လုံးဖွင့်ကြည့်လိုက်သည်နှင့်ယွီကျင်းတောင်ထွတ်ကိုမှတ်မိသွားသည်။

ယွီကျင်းတောင်ထွတ်ကားယွီဟန်တောင်၏မြောက်ပိုင်းမှာရှိသည်။ တောင်ထွတ်ထိပ်ရှိနှင်းမှာဘယ်တော့မှအရည်ပျော်သွားခြင်းမရှိ။ ခန်းရွှမ်ဂိုဏ်း၏အဓိကတောင်ထွတ်၇လုံးထဲကတစ်လုံးဖြစ်ချေသည်။

သူ၏လက်ရှိသရုပ်မှာခန်းရွှမ်ဂိုဏ်း၏ဂိုဏ်းချုပ်တဖြစ်လဲ ယွီကျင်းတောင်ထွတ်သခင်ဖြစ်ပေသည်။

ခန်းရွှမ်ဂိုဏ်းကားကျင့်ကြံရေးလောကထဲမှာထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းမဟုတ်ပေမဲ့ ထိပ်တန်းသုံးဂိုဏ်းထဲကတစ်ဂိုဏ်းဖြစ်သည်။ ဂိုဏ်းကယွီဟန်တောင်ထဲမှာတည်ရှိသော​ကြောင့် ဂိုဏ်းအတွင်းရှိတပည့်ဂိုဏ်းသားများမှာဓားရေးကျင့်ကြံသူများဖြစ်သည့်အပြင် အပြင်မှာယွီဟန်ဓားဂိုဏ်းအဖြစ်လူသိများကြသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now