[၁၈၅] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.6K 403 16
                                    

Arc(8) အချပ်ပို: တိတ်တခိုးအချစ်ဒိုင်ယာရီ။

အတန်းပြီးတော့ ဖုကျင်စစ်တစ်​​ယောက်အောက်ထပ်ကအတန်း၃စာသင်ခန်းတံခါးရှေ့ကနေ ဒီနေ့၇ကြိမ်မြောက်ဖြတ်လျှောက်လေသည်။

အထက်တန်းတုန်းကသူဟာကျောင်းမှာနာမည်ကြီးပုံရိပ်တစ်ခုဖြစ်သည်။ သူ့မှာကောင်းမွန်သောအဆင့်၊ ကောင်းမွန်သောမိသားစုနောက်ခံအသိုင်းအဝိုင်း၊ ချောမောသောရုပ်ရည်၊ အေးစက်သောပင်ကိုယ်စရိုက်နှင့်လူငယ်များနှင့်မတူသောစူးရှရှမျက်ဝန်းတစ်စုံရှိသည်။ သူပွချောင်ချောင်ကျောင်းယူနီဖောင်းကိုဝတ်ထားရင်တောင် သူ၏ရှည်သွယ်သွယ်ပုံရိ​ပ်နှင့်သေးသွယ်သောခါးကိုဖုံးကွယ်ထားနိုင်ခြင်းမရှိ။ ခြေတံရှည်များကြောင့် သူဟာဘယ်နေရာသွားသွားလူတိုင်း၏အာရုံစိုက်ရာဗဟိုချက်မအလွယ်လေးဖြစ်လာလေသည်။

အတန်း၃ကလူအများအပြားမှာပြတင်းပေါက်အပြင်ကိုကြည့်လိုက်ပြီးနောက် တစ်အောင့်ကြာမှအထဲပြန်ဝင်ကာခပ်တိုးတိုးသက်ပြင်းချလိုက်သည်။
"နတ်ဘုရားဖုကတကယ့်ကိုမျက်စိဖမ်းစားဖွယ်ရာပဲ။"

"ကျောင်းမြက်လေးကမျက်စိပသာဒတအားဖြစ်တယ်။"

လင်ခုံးလုလည်းခေါင်းလှည့်ကာတစ်ချက်ကြည့်လိုက်ပြီး လူများထွက်သွားတာကိုစောင့်နေလိုက်သည်။ သူစနစ်ကိုမေးလိုက်သည်။
"သူဒုတိယထပ်ကသန့်စင်ခန်းကိုထပ်လာပြန်ပြီလား။"

0687: "အင်း။"

လင်ခုံးလုနှုတ်ခမ်းကွေးလိုက်မိသည်။
"တတိယထပ်ကသန့်စင်ခန်းကအဲ့လောက်လူများတယ်လား။ ပြီးတော့ဒီကမ္ဘာကဇာတ်လိုက်ကဆီးအိမ်သိပ်မကောင်းဘူးထင်တယ်။"

0687: "......"

"သူကကြွားဝါရတာကိုသဘောကျပြီးတော့အေးစက်ပုံပေါက်ပေမဲ့ အမှန်တော့ဘယ်သွားသွားအတောင်ဖြန့်ပြနေတဲ့ဒေါင်းတစ်ကောင်လိုပဲ။"
လင်ခုံးလုမှတ်ချက်ပေးလိုက်ပြန်သည်။

0687သက်ပြင်းချမိသည်။ သူ့ရဲ့လေ့လာတွေ့ရှိချက်အရဆို ဇာတ်လိုက်ကဘာကိုမှဂရုမစိုက်ပုံပေါက်ပေမဲ့ အမှန်တော့ရုပ်ရည်ကိုအရမ်းအရေးစိုက်လေသည်။ သူဟာအောက်ထပ်ကသန့်စင်ခန်းကိုမလာခင်သူ့ဆံပင်ကိုသေသပ်အောင်လုပ်လေ့ရှိသည်။ တစ်ခါတရံ သူ့ကိုယ်ပေါ်မှာအဆင့်မြင့်ရေမွှေးနံ့ဖျော့ဖျော့ရှိနေတတ်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now