[၁၈၀] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.1K 442 7
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၂၃)။

လင်ခုံးလုမ​နေနိုင်ဘဲခေါင်းခါလိုက်မိပြီး သူ့အသံမှာနှာရှုံ့သံနှင့်ဆို့နင့်လို့နေသည်။
"စကားမပြောနဲ့တော့၊ ငါ့ကိုမြန်မြန်ချပေး၊ ငါမင်းကိုသွေးတိတ်အောင်အရင်လုပ်ပေးမယ်..."

ရှယွိချန်ကကြားပုံမရဘဲ သူ့ကိုကျောပိုးထားတုန်းဖြစ်ပြီး အရှေ့ကိုတစ်လှမ်းချင်းစီလျှောက်နေပေမဲ့ သူ့ခြေလှမ်းများမှာဒယိမ်းဒယိုင်ဖြစ်နေပြီး သူ့အသံမှာလည်းပိုမိုတိုးသထက်တိုးလာလေသည်။

"ရှောင်လု၊ ဝမ်းမနည်းနဲ့နော်။ ကိုယ်မနေ့ကချင်းဖုန်ဘုရားကျောင်းကိုသွားခဲ့တယ်။ ကိုယ့်ကိုယ့်ခန္ဓာကိုယ်ကအသက်မဲ့နေပြီးတော့ လစ်မစ်ကိုရောက်နေပြီလို့ဘုန်းတော်ကြီးကပြောတယ်။ဒီနေ့ .....ရင်တောင်....ရက်အနည်းငယ်အတွင်းမှာ...."

"လိမ်လိမ်မာမာနေနော်၊ ဝမ်းမနည်းနဲ့။ အမှန်တော့ကိုယ်ဒီမှာရှိနေအုံးမှာ၊ ကိုယ်သူနဲ့သွားပေါင်းစည်းမှာလေ။"
ရှယွိချန်၏အသံမှာအလွန်နူးညံ့ကာသိမ်မွေ့ညင်သာလို့နေသည်။
"ကိုယ်ကဒီတိုင်း....ဒီမှာပေါ်လာပြီးတော့ဒီကို....ပြန်လာရရုံပဲ။ လူပြန်ဝင်စားတာဆိုရင် ကြမ္မာဖန်လို့ပဲ...."

သူကရှောင်လုအတွက်ကယ်တင်ရှင်ဖြစ်ဖို့ဒီနေရာမှာမွေးဖွားလာခဲ့ပြီး ရှောင်လုကိုကယ်တင်ဖို့ဒီမှာပျောက်ကွယ်သွားဖို့ဖန်လာတယ်။ ဒါကကံကြမ္မာဖြစ်လောက်မယ်။

ရှယွိချန်အတတ်နိုင်ဆုံးကြိုးစားပြုံးလိုက်ပေမဲ့ သူ့အသံမှာတော့အက်ကွဲကာမကြားရသလောက်ပင်။

သူကသူ့ချစ်သူကိုကျောပိုးလျက် မြူထဲမှအလင်းရောင်ထဲသို့လျှောက်သွားလိုက်သည်။ အထက်တန်းကျောင်းမှာပြန်ပေးဆွဲခံရတုန်းကလိုမျိုးပင်၊ သူကသူ့ချစ်သူကိုကျောပိုးပြီး ဂိုဒေါင်ထဲမှထွက်ပြေးလွတ်မြောက်လာခဲ့သည်။ သို့သော်အဲ့တုန်းကမျှော်လင့်ချက်ဖြစ်ခဲ့ပေမဲ့ ဒီတစ်ခေါက်ကတော့နှုတ်ဆက်ခြင်းဖြစ်သည်....

မြူနက်၏ဖုံးအုပ်မှုမရှိတော့ လင်ခုံးလုနောက်ဆုံးမှာရင်းနှီးသောလမ်းနှင့်ရင်းနှီးသောရှုမြင်ကွင်းကိုမြင်နိုင်သွားပြီပင်။ သူဟာအဲ့နေ့ကိုမိန်းမောစွာပြန်ရောက်သွားလိုပင်၊ သူ၏ကြည်ရှင်းသွားသောအမြင်အာရုံမှာမျက်ရည်များဖြင့်တစ်ဖန်ဝေဝါးသွားရပြန်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now