[၁၈၄] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.5K 400 4
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၂၈+၂၉)။

ရှင်းပြနေစဥ် ဝေ့တောက်ချန်ကထုံးစံအတိုင်းဖုကျင်စစ်မှာကြီးမားသောကံကောင်းမှုနှင့်ကြီးစွာသောလွှမ်းမိုးမှုရှိသည့်အချက်ကိုဖုံးကွယ်ထားခဲ့သည်။ သူကသူဟာတစ္ဆေဘုရင်ဖြစ်လာသဖြင့် တစ္ဆေငယ်လေးများကအားကိုးလာရှာလိမ့်မည်ဖြစ်ကြောင်းသာပြောလိုက်သည်။ ဖူယန်းဇစ်ကသူ့ကံကြမ္မာကိုတွက်ချက်ခဲ့ပြီး သူဟာမိစ္ဆာမဖြစ်သွားလောက်ဘူးဟုယုံကြည်သဖြင့် သဘာဝလွန်အဖွဲ့အစည်းကသူနှင့်မိတ်ဆွေဖွဲ့ရန်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

လင်ခုံးလုတကယ့်အကြောင်းရင်းကိုခန့်မှန်းမိလိုက်သည်။ ဖူယန်းဇစ်က"ဖုကျင်စစ်သေရင်ကမ္ဘာငယ်လေးပြိုကျသွားလိမ့်မည်"ဟုအာရုံခံမိခဲ့တာဖြစ်လောက်မည်။ သူမနေနိုင်ဘဲခေါင်းငြိမ့်ကာပြောမိသည်။
"တောက်ချန်တို့သဘောထားဒီလောက်မြန်မြန်ကြီးပြောင်းလဲသွားတာမဆန်းပါဘူး။ ဖူယန်းဇစ်ကကျွန်တော်တို့စတွေ့တုန်းကစပြီးကျွန်တော်တို့ကိုခက်ခဲအောင်မလုပ်ခဲ့ဘူး။" အရာအားလုံးကိုဖောက်ထွင်းမြင်နိုင်တယ်။

သဘာဝလွန်စွမ်းရည်အနည်းငယ်ရှိသည့်ကမ္ဘာငယ်လေးများထဲမှာ စိတ်စွမ်းအားနှင့်တောက်ဓမ္မပညာကယခင်ကျင့်ကြံရေးကမ္ဘာလောက်မကောင်းပေမဲ့ ဖုယန်ဇစ်ဟာယခင်ကမ္ဘာကဂိုဏ်းချုပ်ချီဟွာလိုမျိုးကောင်းကင်ဘုံ၏လျို့ဝှက်ချက်ကိုရှာဖွေဖော်ထုတ်နိုင်သဖြင့် သူ့ကျင့်စဥ်ကအတော်လေးကောင်းမွန်ကြောင်းဖော်ပြလို့နေသည်။

"ဖူယန်းဇစ်တောက်ချန်ရဲ့သင်ပြမှုတွေကတကယ်ကောင်းမွန်လှပါပေတယ်။"
လင်ခုံးလုအဓိပ္ပါယ်ပါပါပြောလိုက်သည်။

ဝေ့တောက်ချန်ကခြောက်ကပ်ကပ်ရယ်မောလိုက်သည်။ ဖုကျင်စစ်ကမျက်နှာသေဖြင့်ရှိနေသေးမှန်းမြင်လိုက်ရတော့ သူသတိရှိရှိပြောလိုက်သည်။
"အမှန်တော့တစ္ဆေတွေသာမကောင်းမှုနဲ့လူတွေကိုထိခိုက်အောင်မလုပ်ဘူးဆိုရင် တောက်ချန်တို့ဂရုမစိုက်ပါဘူး။ အဆုံးမှာတော့'တစ္ဆေတွေမှာသူတို့ကိုယ်ပိုင်လမ်းစဥ်ရှိပြီးတော့ လူတွေမှာသူတို့ကိုယ်ပိုင်မျိုးနွယ်ရှိတာပဲလေ'။ ဒါပေမဲ့မကောင်းမှုလုပ်ရင်တော့..."

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now