[၁၅၅] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

2.8K 515 16
                                    

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၂၇)။

လင်ခုံးလုအခြားလက်ကိုမြှောက်လိုက်ပေမဲ့ ၎င်းမှာလည်းခပ်မြန်မြန်ဖိကိုင်ခံလိုက်ရသည်။ သူ၏ရုပ်ခန္ဓာတိုက်ခိုက်မှုကြောင့် သူ့နှာခေါင်းမှာပန်းရနံ့များဖြင့်ပြည့်နေပြီး သူရုန်းကန်ရန်ခွန်အားမဲ့လို့နေသည်။

ရှဲ့ကျင်းဟုန်သူ့လက်ကောက်ဝတ်နှစ်ဖက်ကိုအလွယ်လေးစုကိုင်ကာ သူ့ခေါင်းထက်မှာဖိချထားလိုက်ပြီး အနမ်းမှာမိုးပမာကျရောက်လာကာ ရှောင်တိမ်းဖို့နည်းလမ်းမရှိပေ။

ကျောက်စိမ်းလွှာများကိုမြင်လိုက်ရတော့ လင်ခုံးလုအလွန်ဝမ်းနည်းသွားကာညည်းသံပြုမိသွားပြီး သူ၏အေးစက်မှုနှင့်မိမိကိုယ်ကိုထိန်းချုပ်မှုပျောက်ဆုံးသွားကာ သူ့မျက်တောင်များမှာမျက်ရည်နှင့်ချွေးတို့စိုသွားပြီးနောက် ညင်သာစွာအနမ်းခံလိုက်ရသည်။

အချိန်အတော်ကြာပြီးနောက် ပန်းရနံ့ပျောက်ကွယ်သွားပြီး ကောင်းကင်မှာမိုးကြိုးမုန်တိုင်းထန်လာသည်။

ရှဲ့ကျင်းဟုန်၏မျက်လုံးများမည်းမှောင်သွားရသည်။ သူအခုပဲသူ့ကျင့်စဥ်တချို့ဆုံးရှုံးလိုက်ရပြီး သူဟာမိုးကြိုးနှင့်ဆန့်ကျင်တိုက်ခိုက်ရတော့မည်ပင်။

သူပြန်လာချိန်မှာ သူကသေသပ်စွာဝတ်စားထားပြီး ကုတင်စွန်းမှာဝင်ထိုင်ကာ လက်မြှောက်ပြီးလင်ခုံးလု၏တင်းကြပ်စွာမှိတ်ထားသည့်မျက်ခုံးနှင့်မျက်လုံးများကိုပွတ်သပ်လိုက်မိပြီး သူ့မျက်ဝန်းထဲမှာနူးညံ့သိမ်မွေ့မှုအရိပ်အယောင်ရှိနေပေမဲ့ တစ်အောင့်ကြာတော့နာကျင်မှုတစ်စွန်းတစပေါ်လာသည်။

သူအိပ်ပျော်နေသည့်အမျိုးသားကိုရုတ်ခြည်းကောက်ပွေ့ပြီး အခန်း၏အရံအတားအပြင်ကိုခြေလှမ်းကျဲဖြင့်လျှောက်ထွက်သွားလိုက်သည်။

အရံအတားအပြင်မှာ စိတ်ပူနေကြသည့်တောက်အယ်၊ ဝမ်ရင်နှင့်အခြားသူများကသူထွက်လာတာမြင်တော့ ချက်ချင်းရှေ့တိုးကာသူ့ကိုလှမ်းပွေ့ရန်ပြင်လိုက်သည်။

ရှဲ့ကျင်းဟုန်ကဘေးကိုရှောင်ကာသူတို့အကြည့်ကိုရှောင်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
"ကျုပ်ရှစ်စွင်းကိုမိစ္ဆာနန်းတော်ဆီပြန်ခေါ်သွားမယ်။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now