[၁၁၂] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.6K 671 5
                                    

!unicode!

ညစာစားပွဲအပြီးတွင် ဧကရီအန်းယာကလင်ခုံးလုကိုဖိတ်ကြားရန်အမျိုးသမီးအရာရှိကိုခိုင်းလိုက်သည်။

သူအထင်လွဲပြီး တစ်ချိန်လုံးခံစားခဲ့နေမိမှန်းစဲ့ရှီးအာသိသွားသည်။ သူလင်ခုံးလုကိုထပ်ကြည့်ရန်ရှက်ရွံ့နေမိပေမဲ့ ဧကရီအန်းယာကလင်ခုံးလုကိုလာရန်ဖိတ်ကြားလိုက်မှန်းသူကြားလိုက်ချိန်မှာ သူချက်ချင်းထရပ်ကာ အနောက်ကတိတ်တိတ်လေးလိုက်သွားလိုက်သည်။

ဒီအခိုက်အတန့်မှာသူကအလွန်စိတ်သောကရောက်နေသည့်ခွေးကြီးတစ်ကောင်နှင့်တူသည်ဟုလင်ခုံးလုခံစားလိုက်ရသဖြင့် မနေနိုင်ဘဲသူနှင့်လက်ချောင်းချင်းချိတ်လိုက်ချင်ပေမဲ့ သူငုံ့ကြည့်မိတော့သူ၏ဆီပေနေသည့်လက်များကိုမြင်လိုက်ရသည်---

လင်ခုံးလု: .....ထားလိုက်တော့။

စဲ့ရှီးအာလည်းအနည်းငယ်ရွံရှာသွားပုံပင်။ သူသူ့အဝတ်အစားကိုသူ့လက်များနှင့်မထိအောင်တမင်ရှောင်လိုက်သဖြင့် သူ့ကိုယ်နေဟန်ထားမှာပင်ဂွင်းနှင့်အနည်းငယ်ဆင်တူသွားလေသည်။

အမျိုးသမီးအရာရှိစောင့်ကြပ်ခံရင်းဖြင့် နှစ်ယောက်သားသူတို့ဘေးကဟောခန်းမငယ်လေးထဲလျှောက်ဝင်သွားလိုက်သည်။

ဧကရီအန်းယာကဟောခန်းမထဲမှာလက်ဖက်ရည်သောက်နေပြီး သူမမော့ကြည့်မိတော့စဲ့ရှီးအာ၏ထူးဆန်းသောကိုယ်နေဟန်ထားကိုမြင်လိုက်ရသော် သူမမနေနိုင်ဘဲရယ်မောမိကာ အမျိုးသမီးအရာရှိကိုအမြန်ပြောလိုက်သည်။
"သူ့ကိုလက်ဆေးဖို့ခေါ်သွားလိုက်။"

ထိုစကားကိုကြားသော်လင်ခုံးလုခေါင်းလှည့်ကြည့်မိတော့ သူ့ဘေးနှစ်ဖက်မှာလက်ဆန့်ထားပုံကသူ့ကိုရယ်ချင်မိသွားစေသည်။

သူအရယ်အောင့်ထားရမှန်းစဲ့ရှီအာသိသည်၊ သူ့နောက်တောက်လျှောက်လိုက်ချင်မိပေမဲ့ သူ၏ဆီပေနေသည့်လက်များကိုငုံ့ကြည့်လိုက်မိပြီး နောက်ဆုံးမှာအမျိုးသမီးအရာရှိနှင့်စိတ်ဖိစီးစွာလိုက်သွားလိုက်ရသည်။

သူထွက်သွားပြီးနောက် လင်ခုံးလုကအန်းယာကိုဂါရဝပြုလိုက်ပြီး အန်းယာကသူ့ကိုယဥ်ကျေးပျူငှာစွာထိုင်ခိုင်းပြီးနောက် လိုရင်းကိုတန်းသွားပြီး သူနှင့်စဲ့ရှီးအာအကြောင်းမေးလေသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now