[၉၃] သူဌေးကြီးနှင့်အစားထိုးခံ။

4.4K 667 15
                                    

!unicode!

လင်ခုံးလုအခြေအနေကိုတကယ်မခန့်မှန်းနိုင်တာမဟုတ်ပေ။ ကုအုပ်စုဘက်မှာတစ်ခုခုဖြစ်သွားသဖြင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စမှာပြောင်းလဲမှုကိုဦးဆောင်သွားစေခဲ့တာမို့ သူ့ကိုတမင်အရှက်ရအောင်လုပ်ရန် တစ်​ယောက်ယောက်ကိုလွှတ်ခဲ့တာမှန်း သူခန့်မှန်းမိသည်။

အတိအကျဖြစ်သွားတာကုတော့ သူမခန့်မှန်းနိုင်ပေရာ ကုစစ်နှင့်ကုလူအိုကြီးကိုသက်ာမကင်းကြည့်ရုံသာတတ်နိုင်သည်။

ကုလူအိုကြီးမှာလုပ်စရာဘာမှမရှိသဖြင့် အပျော်တမ်းဝင်ပါကာ ဖရဲသီးလာစားခြင်းဖြစ်တာမို့ သူအလျင်စလိုပြောလိုက်သည်။
"ဆိုင်နည်းနည်းလူကျနေမှန်းငါမြင်လိုက်ရတော့ ငါရေနွေးကြမ်းလာကူငှဲ့ပေးတာ၊ ဒါပေမဲ့ဘာဖြစ်သွားတာလဲမသိဘူးကွယ်။ အယ်၊ ဟိုမှာကန်စတမ်မာတွေထပ်ရောက်လာပြီ။ ငါအရင်တစ်ချက်သွားကြည့်လိုက်အုံးမယ်နော်။"

ပြောပြီးနောက် သူရေနွေးကြမ်းအိုးကိုကောက်မကာ ပျင်းရိပျင်းတွဲလျှောက်ထွက်သွားသည်။

မထွက်သွားမီ သူကကုစစ်ကို"သီးသန့်"အကြည့်တစ်ချက်ပေးကာ တွေးလိုက်မိသည်၊ မင်းAမြို့တော်ကိုပြန်သွားပြီး ဒီပိုးဖလံတွေကိုအမြန်ဆုံးမရှင်းပစ်ရင် နဂါးဘုရင်ဘုရားကျောင်းမှာရေလွှမ်းသွားလိမ့်မယ်။

လင်ခုံးလုဘာကြောင့်မှန်းမသိသဖြင့် ကုစစ်ကိုထပ်ကြည့်လိုက်ရသည်။

ကုစစ်ကချောင်းအသာဟမ့်ကာ အလျင်စလိုဆိုလာသည်။
"ဧည့်သည်ကိုဘယ်သူမှဧည့်မခံပေးတာမြင်လိုက်ရတော့ ကိုယ်ကူပြီးမီနူးကဒ်လာပေးတာရယ်။"

ပြောပြီးနောက် သူမီနူးကဒ်ကိုကောက်ယူကာထွက်သွားသည်။

လင်ခုံးလု: "....."

လက်ထောက်စုန့်ကဖြစ်စဥ်တစ်ခုလုံးကိုမြင်ခဲ့တာမို့ ဒါကိုမြင်သော် သူ့မျက်နှာထားမှာရှုပ်ထွေးကာ သူ့နှလုံးသားလေးလံသွားရသည်။

အတွင်းရေးမှူးယန်းကကုအုပ်စုရဲ့ဥက္ကဌကုပေါ့? ဒီဇာတ်အိမ်ကတကယ်...တစ်ပတ်လည်သွားတာပဲ!

ပင်မနန်းဆောင်ကလတ်စသတ်တော့နောက်တိုင်းပြည်တစ်ခုကဧကရာဇ်ဖြစ်နေတယ်။ အခုဆိုသူ့အဆင့်အတန်းကိုပြန်ရသွားပြီဆိုတော့ သူပြန်သွားပြီးဧကရီဖြစ်လာချင်တာ(လက်ထပ်ချင်တာ)၊ ဒီတော့ဥက္ကဌလင်ကကော?

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now