Part 3

1.9K 295 0
                                    

Unicode

အပိုင်း (၃) Item Store 

ကျန်းကျိရင် အံအားသင့်နေသော်လည်း ဤသင်္ကေတက မည်သည့်အရာဖြစ်သည်ကို သိချင်နေဆဲဖြစ်ကာ ဖိကြည့်လိုက်သည်။ ရင်းနှီးနေသော ကုန်ပစ္စည်းများအပြည့်နှင့် စင်များ၊ Item အမျိုးမျိုးတို့နှင့် လက်ရှိဂိမ်းအပ်ဒိတ်အတွက် ပေးထားသော အထူးကမ်းလှမ်းချက်များ ပါရှိသည်။ <Tomorrow> တွင် ဆော့ရသည့် ပုံစံမျိုးနှင့် အတိအကျ တူလေသည်။ 

Item Store ကို "Hypermarket" နှင့် "Trading House" ဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။ "Hypermarket" သည် ကစားသမားများ ဂိမ်းမှရောင်းသော ငွေသားနှင့် လဲလှယ်ရသည့် Item များ ဝယ်ယူရာ နေရာဖြစ်ပြီး "Trading House" သည် ကစားသမားများ အချင်းချင်း ရလာသော သူတို့ကိုယ်တိုင်အတွက် မလိုအပ်သော အဖိုးတန် Item တို့ကို ငွေသားနှင့် တိုက်ရိုက် ရောင်းချရာ နေရာဖြစ်သည်။ 

နောက်ဆုံးသော Item update မှာ April 1, XX ၏ ဆယ့်သုံးနာရီ နှစ်ဆယ့်လေးမိနစ် တွင် ဖြစ်သည်။ ၎င်းသည် သူကားတိုက်ခံလိုက်ရသော နေ့လည်းဖြစ်သည်။ သူကားတိုက်ခံလိုက်ရသော အချိန်မှာ နေ့လည်ခြင်း ဆယ့်နှစ်နာရီ သုံးဆယ်မိနစ်( ဆယ့်နှစ်ခွဲ) ဖြစ်သည်ကို သူဝေဝေဝါးဝါး မှတ်မိသည်။ 

ကျန်းကျိရင် မေးစေ့ကို  ပွတ်လိုက်ပြီး အတွေးထဲ နစ်သွားတော့သည်။ တစ်ခနလောက်ကြာပြီးနောက် “ကုန်သွယ်မည်” ဟူသော ခလုတ်ကို နှိပ်လိုက်သည်။ ထို့နောက် ပေါ်လာသော နေရာတွင် သူရရှိလိုက်သော “ပေါက်စီပူပူလေး” ကို အရောင်းပစ္စည်းထားရာတွင် ထည့်ရန် လုပ်သည်။ အရောင်းပစ္စည်းထားရာ သေတ္တာက အလွန်သေးငယ်နေပြီး သူ၏ “ပေါက်စီပူပူလေး”က အလွန်တရာကြီးမားနေသည်မှလွဲ၍ မည်သည့် ပြဿနာမှ မရှိပါချေ။ 

အရောင်းဆိုင်စနစ်မှ သူထည့်လိုက်သော ပစ္စည်းတို့ကို အလိုလျောက် စစ်ဆေးပြီး စကားပြောသည့် အကွက်လေး (dialog box) တစ်ခု ပေါ်လာသည်။ 

[System နှင့် ချိတ်ဆက်ထားသော Item တစ်ခုကို ရောင်းချ၍ မရနိုင်ပါ ] 

ကျန်းကျိရင် တွန့်ခနဲဖြစ်သွားပြီး ဇွန်ဘီများကို သတ်ထားပြီးနောက် ရလာသော အဆင့်တစ် ဇွန်ဘီအမြုတေကို ထုတ်လိုက်သည်။ လယ်ဗယ်ဇီးရိုး ဇွန်ဘီအများစုမှာ အမြုတေ မပေါ်လာကြသေးပေ။ သူတို့ထဲမှ အနည်းစုလောက်သာ အဆင့်တစ် အမြုတေ ဖွဲ့စည်းနိုင်ကြခြင်းဖြစ်သည်။ 

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now