Part 78

211 24 0
                                    

78 01

အပိုင်း (78)

တိမ်ကောင်းကင် မဟာမိတ်အဖွဲ့မှ သတင်းတစ်ခုက စပြန့်လာသည်။

ပြောကြသည်မှာ ဒေါက်တာယင်က ဒေါက်တာကျန်းကို ချစ်ခွင့်ပန်ခဲ့ပြီး နှစ်ယောက်က တရားဝင် အတူတကွ တည်ရှိကြပြီဖြစ်သည်။

ကောလာဟလအရ မိုးကြိုးအဖွဲ့က ချင်တုံး ဌာန၅တွင် ပီလုမြို့ကို သိမ်းယူနိုင်ရန် ကူညီပေးခဲ့သည်။ သူတို့က ဆုယူရန် အတူပြန်လာသောအခါ လက်ထပ်ကြမည်ဖြစ်သည်။

ထိုသတင်းမှ သီအိုရီအရ ၉၅%ခန့်၏ ကောလာဟလများက အမှန်အတိုင်း ဖြစ်လာနိုင်လေသည်။

ထို့ကြောင့် ကျန်းကျိရင်က အဖွဲ့ကို ဦးဆောင်ပြီး ချင်တုံးဌာန၅သို့ သွားကာ ပီလုမြို့ကို ထိန်းချုပ်ပြီး မဟာမိတ်အဖွဲ့ဌာနချုပ်သို့ ပြန်လာသောအခါ ပထမဦးဆုံး သူ့ကို မြင်သော လူတိုင်းပြောလာသော စကားက..

"ခေါင်းဆောင်ကျန်း ဒေါက်တာယင်က အတူမပါလာဘူးလား"

အစပိုင်းတွင် ကျန်းကျိရင်က သူတို့ကို ဘာပြန်ပြောရမှန်း မသိခဲ့ချေ။ နောက်ပိုင်းတွင် သူပေးသော အဖြေများက ပို၍ ချောမွေ့လာသည်။

"သူ့မှာ လုပ်စရာ ရှိလို့"

မူလကမူ ယင်ညန်က နောက်ဆုံးတိုက်ပွဲအထိ သူနှင့်အတူလရှိနေလေသည်။ ယင်ညန်က ရုတ်တရက် လုပ်စရာရှိလာကြောင်း ပြောလာခဲ့၏။ ထို့နောက်သူ့အား နှုတ်ဆက်လိုက်ပြီး ဌာနချုပ်သို့ သူ၏ အာကာသ စွမ်းအင်ကို သုံးကာ ​ပြန်သွားခဲ့သည်။ ကျန်းကျိရင်ကလည်း နောက်ပိုင်းသူ့ကို မေးလာသူတိုင်းကို တူညီသော အဖြေကိုသာ ပေးလာရလေသည်။

သူ့ကို မေးလာသောသူများက တစ်ယောက်ကိုတစ်ယောက် အဓိပ္ပါယ်အပြည့်ဖြင့် ကြည့်လိုက်ကြသည်။

အလုပ်များနေတယ် ဟုတ်လား။ ဆိုလိုတာက လက်ထပ်ပွဲအတွက် ပြင်ဆင်ရင်း အလုပ်များနေတာပေါ့လေ။

ပြောင်ရှင်းနေသော ဂူထဲတွင် လေက အကြောင်းပြချက်မရှိ မတိုက်တတ်ချေ။

လူတိုင်းကလည်း ထိုနှစ်ယောက်က လက်ထပ်ပွဲအတွက် ပြင်ဆင်နေသည်ဟုသာ တွေးနေကြသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now