Part 53

720 112 0
                                    

53 01

အပိုင်း (၅၃)

ဂိမ်းဇာတ်ကြောင်းထဲတွင် လျှပ်စီးတပ်ခွဲသည် အမြဲတမ်း ဗီလိန်တပ်များကို တိုက်ခိုက်ရင်း ရုန်းက်န်နေရပြီး ကမ္ဘာပျက်ကပ်တွင် ဤလျှပ်စီးတပ်ခွဲသည် လူသားများဘက်မှ ကြောက်စရာအကောင်းဆုံး လက်နက်အဖြစ် ကင်ပွန်းတပ်ခံရသည်။

သို့သော် ဤဇာတ်ကြောင်းကား အနည်းဆုံး တစ်နှစ်ကျော်ကြာပြီးမှ ဖြစ်လာသည့် ဇာတ်ကြောင်းဖြစ်သည်။ ဤရက်စက်ကြမ်းတမ်းလှသော နေရာသို့ စေလွတ်ခံရသူများသည် အသန်မာဆုံး အားအကောင်းဆံဒးဟူသော စစ်သည်များကို ရွေးချယ်စေလွတ်ခြင်းဖြစ်ပြီး တိုက်ပွဲအလယ်တွင် ဒဏ်ရာရသူ သေဆုံးသူများ အရေအတွက်ကလည်း ဆက်တိုက် မြင့်တက်နေခဲ့သည်။

သို့သော် ကျန်းကျိရင် ဤသို့ ဖြစ်လာမည်ကို မမြင်လိုပေ။ သူ၏ လက်ထဲတွင် သေဆုံးသွားရမည့် အဖြစ်အပျက်များကို ထပ်၍ မမြင်ချင်တော့ပေ။

ချန်ကွမ်းသည် အလွန်ကို ရှားပါးသည့် အရည်အချင်းရှိသူတစ်ဦး ဖြစ်သည်။ သူသည် အဆင့်ခြောက်သို့ ရောက်လုနီးနီး လေစွမ်းအားရှင်တစ်ယောက်ဖြစ်သလို ကမ္ဘာပျက်ကပ်မတိုင်မှီက စစ်တက္ကသိုလ်မှ ဘွဲ့ရခဲ့သော တပ်ခွဲတစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော စစ်မှုထမ်းဟောင်းတစ်ဦးလည်း ဖြစ်သည်။

ကျန်းကျိရင် သူ့ကို တစ်ခြားသူများအား စစ်လေ့ကျင့်ရေးစခန်းဝင်သကဲ့သို့ လေ့ကျင့်ပေးစေပြီး တိုက်ခိုက်ရန် ဗျူဟာများဆွဲရန် ကူညီခိုင်းခဲ့သည်။ ထို့အပြင် အပတ်စဉ် အစည်းအဝေးများကျင်းပ၍ အဖွဲ့သားများအား ထင်မြင်ချက်များ နည်းဗျူဟာများ ဖလှယ်စေသည်။

အစပို်ငးတွင် ကမ္ဘာပျက်ကပ်က အရာခပ်သိမ်းကို ရှင်းလင်းထုတ်ပစ်သွားပြီး သာမန်လူများကို ဇွန်ဘီများကို တိုက်ထုတ်စေကာ မလိုချင်သော စွမ်းအားများ ပေးခဲ့သည်။ သူတို့၏ တိုက်ခိုက်နိုင်မှု အတော်များများသည် ဗီဇအရ ဆင်းသက်လာကြခြင်းဖြစ်သည်။

ကမ္ဘာပျက်ကပ်အစောပိုင်းတွင် လူသားများအားလုံးသည် မိမိတို့ကိုယ် မိမိ ကာကွယ်ရန် ရည်ရွယ်၍ အတူစုဝေးနေထိုင်ခဲ့ကြသည်။ ထိုမရေရာသော အချိန်ကာလ အပိုင်းအခြားတွင် တိုက်ခိုက်ရေးသမားအများစုသည် ဇွန်ဘီများကို တိုက်ခိုက်ရင်းဖြင့် သူတို့နှင့် လိုက်ဖက်ညီမှုအရှိဆုံး တိုက်ခိုက်ရေးနည်းလမ်းများကို သိမြင်လာကြသည်။ ဤသည်မှာ မျိုးရိုးအရ ဆင်းသက်လာသော အလိုလိုသိစိတ် ဗီဇဖြစ်သည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now