Part 19

1.2K 209 5
                                    

19 01

အပိုင်း (၁၉) ကြောင်ဘုရင်ကြီး

နှင်းကျားသစ်ကြောင် သားရဲတွင်းသည် ကျန်းကျိရင် ဂိမ်းထဲမှ မထွက်သွားခင် အနားယူရန် ရွေးချယ်ခဲ့သည့် နေရာနှင့် မဝေးလှပေ။ ထို့ကြောင့် ဂိမ်းကမ္ဘာအစစ်သို့ ပြန်ရောက်သည်နှင့် ပစ္စည်းများကို သိမ်း၍ ယင်ရှောက်ရှန်းကို ဘောင်းဘီအိတ်ထဲ ထည့်ကာ သားရဲတွင်းသို့ ဦးတည်သွားတော့သည်။

နှင်းကျားသစ်ကြောင်သည် နူးညံ့သိမ်မွေ့ပြီး ရှက်တတ်သည့် တိရစ္ဆာန်ဖြစ်သည်။ ၎င်းသည် အကောင်ကြီးမျိုးများလည်း ဖြစ်သည်။ သို့သော် သူတို့သည် အုပ်စုဖွဲ့နေတတ်သော အမျိုးစားများ ဖြစ်ကြရာ တစ်ကောင်ကို တိုက်ခိုက်မိလျှင် အုပ်စုလိုက် ပြန်ဝိုင်းတိုက်ခိုက်ကြတတ်သော မွန်းစတားအမျိုးအစားများထဲတွင် ပါဝင်ကြသည်။

နှင်းကျားသစ်ကြောင် သားရဲတွင်းသို့ ရောက်သော် ကျန်းကျိရင် အံ့အားသင့်သွားသည်။ တည်ငြိမ်စွာ နေတတ်သော မွန်းစတားတစ်ကောင်ဖြစ်သည့် အလျောက် နှင်းကျားသစ်ကြောင် အကောင်နှစ်ဆယ်ကျော် ရှိသည့် သားရဲတွင်းထဲမှ တစ်ကောင်ကမှ သူ့ကို ဂရုမစိုက်ကြပေ။ နှင်းကျားသစ်ကြောင်အားလုံးမှာ ပတ်ပြေးပြီး အချင်းချင်း ဆော့နေကြသည်။

နှင်းကျားသစ်ကြောင်ပေါက်ကလေး တစ်ကောင်နှစ်ကောင်လောက်ကသာ တစ်ခါတစ်လေ သူ့ကို စပ်စုချင်သည့်အလား လှည့်လှည့်ကြည့်တတ်သည်။ သူတို့အားလုံးသည် နှင်းကဲ့သို့ ဖြူဖွေးနေပြီး နားရွက်ဖျားများကလည်း အပြာရောင်အလင်းမှုန်များကဲ့သို့ တောက်ပနေလေသည်။ သူတို့သည် သာမန်အိမ်မွေးကြောင်များထက် အကောင်ကြီးကြကာ အလွန်လှပလေသည်။

ဂိမ်းထဲမှနှင့် မတူစွာ သူ့ကို နည်းနည်းလေးမှ ရန်မလိုသော အကောင်သေးသေးလေးများနှင့် တကယ်တမ်း ရင်ဆိုင်ရသည့်အချိန်တွင် ကျန်းကျိရင် ဤအကောင်လေးများကို အန္တာရာယ်မပေးနိုင်ပေ။ ဖြစ်နိုင်သည်မှာ ဤကလေးများက သူ၏ ရှောက်ရှန်းကလေးနှင့် တူနေသောကြောင့် မလုပ်ရက်နိုင်တာ ဖြစ်ပေမည်။

သူသည် နှစ်မိနစ်ကျော်လောက်ကြာအောင် မတ်တပ်ရပ်နေမိပြီး ဖိုရမ်ထဲမှ ပို့စ်များကို တွေးကြည့်သည်။ မောလ်မှ သလင်းလက်စွပ်များ သူ၏ လက်ဆောင်ကို မျှော်နေမည့် ဝိုင့်ကိုလည်း တွေးမိသည်။ အဆုံးတွင် သက်ပြင်းသာနာနာဖိချလိုက်ပြီး လှည့်ပြန်လိုက်တော့သည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now