Part 18

1.4K 194 0
                                    

18 01

အပိုင်း (၁၈) ဆိုင်ဖွင့်မယ်

ကျန်းကျိရင် ဆိတ်ဘော့စ်၏ သလင်းအမြုတေကို စုပ်ယူလိုက်ပြီး ကိုယ်ပိုင်စွမ်းရည်အဖြစ် ပြောင်းလဲပစ်သည်။ သူ၏ ရေခဲစွမ်းရည်သည် Level 2 ထိ မြင့်တက်လာပြီး Level 3 ရောက်လုရောက်ခင်တွင် အဆင့်တက်ခြင်း ရပ်တန့်သွားသည်။ တတိယမြောက် အဆင့်သို့ ရောက်ရန် သေးသေးလေးသာ လိုတော့သည်မို့ ကျန်းကျိရင် အားမလိုအားမရ ဖြစ်သွားသည်။

ရေခဲစွမ်းရည် အဆင့်ငါးရောက်မှသာ ဤနဂါးမျိုးတုံးချိုင့်ဝှမ်းမှ ထွက်ခွာနိုင်မည်ကို တွေးမိပြီး သက်ပြင်းချမိသည်။

အပြင်ဘက်တွင် လင်းထိန်နေပြီး နေကလည်း တအားပြင်းနေသည်။ သို့သော် ကျန်းကျိရင်သည် ရေခဲစွမ်းရည် ပိုင်ရှင်ဖြစ်သည်။ မိုးရွာခြင်းနှင့် နှင်းကျခြင်းတို့ကသာ သူ့အတွက် ကောင်းပေသည်။ ဤသို့ ချွေးပြိုက်ပြိုက်ကျအောင် နေပူနေသည်က သူ၏ စွမ်းရည်ကို အားနည်းစေသည်။

ရာသီကတု အခြေအနေကို ကြည့်၍ ဂူထဲမှာသာ နေပြီး ဆေးဖော်ရန် ဆုံးဖြတ်လိုက်၏။ <Tomorrow>၏ ဆေးပညာရပ်ပိုင်းဆိုင်ရာ စနစ်သည် အတော်လေး ဆန်းသစ်လေသည်။ သို့သော် လူတစ်ယောက်၏ မျှော်လင့်ချက်နှင့်တော့ အတော်လေး ဆန့်ကျင်နေသည်။ ဂိမ်းထဲတွင် item ရောင်းချသူမျာသည် "ပန်နီဆလင်" နှင့် "ဆေးပတ်တီး" တို့ကဲ့သို့ သာမန်ကျကျ ဆေးဝါးများကိုသာ ရောင်းချကြသည်။

သူတို့သည် လယ်ဗယ်မတတ်နိုင်ဘဲ ထရာမာထဲတွင် ပိတ်မိနေသူများနှင့် တိုက်ပွဲထဲတွင် HP ပမာဏအနည်းငယ် မြင့်လာနိုင်စေခြင်းများသာ အသုံးဝင်ပြီး သက်ရောက်မှုနှုန်းကလည်း အလွန်နှေးကွေးလေရာ အမဲလိုက်ထွက်ချိန်တွင် ထိုဆေးများကို အသုံးပြုရန်မှာ သိပ်အဆင်မပြေပေ။

အချို့သော ကစားသမားများက ဤအဖြစ်ကို ကွန်ပလိန်းတက်ကြရာ တရားဝင်ဝဘ်ဆိုက်က စာတစ်ကြောင်းဖြင့်သာ ပြန်ဖြေခြ့သည်၊

"ချစ်လှစွာသော ဂိမ်းဆော့သူသို့ ပြန်ကြားချက် ဒါက ကမ္ဘာပျက်ကပ်မှာ ဘာကြောင့် သေဆုံးနှုန်း မြင့်နေရသလဲဆိုတာရဲ့ အကြောင်းပြချက်လေကွယ် နည်းနည်းလောက် ပိုပြီး လက်တွေ့ကျကျ တွေးကြည့်ပါ ဟုတ်ပြီလား"

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now