Part 91

153 22 0
                                    

အပိုင်း (91)

ထိုမွန်းစတားများကို ရှင်းလင်းပြီးနောက် အဖွဲ့ဝင်နံပါတ်၁က ဆင့်ခေါ်ခံလိုက်ရသည့် အရှင် bossကို မျက်ရည်များနှင့် အတူ ကြည့်လိုက်သည်။

"ဒါက ဘယ်လို ကာရိုက်တာမျိုးလဲ...??"

ကြမ်းတမ်းလွန်းသော ပုံစံများနှင့် အမျိုးမျိုးသော ဖုတ်ကောင်များ၊ ဆင့်ကဲပြောင်းလဲထားသော တိရစ္ဆာန်များ အပင်များနှင့်ယှဥ်သော် ရှေ့မှသူက သိပ္ပံနည်း မကျနေခဲ့ချေ။ သို့ရာတွင် ကွန်ပျူတာမှ ဖန်တီးပေးထားသော ပြစ်ချက်ကင်းကာ ခံစားချက်မဲ့သော ထိုမျက်နှာကို မြင်သောအခါ အသင်းအဖွဲ့ဝင်နံပါတ်၁က"မင်းမြင်တိုင်း အန်ရမယ်"ဟုခေါ်သော ဂူဖုတ်ကောင်အရှင်သခင်ကိုပင် ဆင့်ခေါ်လိုက်ချင်သည်။

အကြောင်းမူကား ဂိမ်းမှ ပြိုင်ဘက်ကင်း ခေါင်းဆောင်ဖြစ်ပြီး ကစားသမားတိုင်းအတွက် ချစ်ခင်မှုအဆင့် အနုတ်တစ်သောင်း ရှိသည်ဟု ခေါ်ထားသော bossက ရောက်လာသောကြောင့် ဖြစ်သည်။

အသင်းအဖွဲ့ဝင် နံပါတ်၁က တံတွေးမျိုချသည်။

သူတို့ ဒီအတိုင်း လှုပ်ရှားမှု instanceကိုပဲ ကစားနေတာ မဟုတ်ဘူးလား။ သူ ထိခိုက်နစ်နာစေတာတွေ ဘာမှလည်း မလုပ်မိပါဘူး။ ဘာလို့ သူ့ရဲ့ ကံကြမ္မာက အချိန်တိုင်းလိုလို ဆိုးနေတာလဲ။

အသင်းအဖွဲ့ဝင် နံပါတ်၁..

"ငါတို့ ဆက်ကစားဦးမှာလား၊ ငါဖိုရမ်ကို သွားပြီး စစ်ကြည့်လိုက်သေးတယ်၊ သူတို့ပြောတဲ့ ပြိုင်ဘက်ကင်း bossက တော်တော်လေးကို ကြောက်စရာ ကောင်းတာတဲ့၊ တိုက်ခိုက်စရာတောင် မလိုဘူး၊ အသင်းက တတ်နိုင်ခဲ့ရင်တောင်မှ ဘာပစ္စည်းကောင်းမှ ကျလာမှာ မဟုတ်ဘူး၊ ဆုံးရှုံးမှုနဲ့ မတန်ပါဘူး၊ ဒီအတိုင်း သူ့ကို မြင်တဲ့အခါ ချက်ချင်းနောက်ဆုတ်ပြီး instanceထဲက ထွက်သွားတာ အကောင်းဆုံးပဲ"

သူက စကားပြောပြီးသွားသည့် အချိန်အတွင်း အသင်း၏ ဒုတိယမြောက် အဖွဲ့ဝင်က flareတစ်ခုကို ပစ်သွင်းလိုက်ပြီး သာမန်အကျဆုံး မီးတောက် တိုက်ခိုက်မှု skillကို ထုတ်သုံးလိုက်ကြောင်း ​မြင်လိုက်ရသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now