Part 51

693 108 0
                                    

အပိုင်း (၅၁)

ယင်ညန်၏ နောက်တွင် ယွီဟောက်နှင့် သူ(ကျန်းကျိရင်) မြင်ဖူးသလိုလို ထင်ရသော အခြားသူများက လိုက်ပါလာသည်။ ကျန်းကျိရင် သေချာတွေးကြည့်လိုက်သော် ဤလူများကို ဂိမ်းထဲတွင် မြင်ဖူးခဲ့ကြောင်း သိလာသည်။ ထိုသူတို့သည် ယွီဟောက်၏ တပ်စခန်းမှ ဘော့စ်ငယ် တစ်ချို့ဖြစ်သည်။ ဤအချိန်တွင်တော့ သူတို့သည် ဝိုင်၏နောက်တွင် ထိတ်လန့်ကြောက်ရွံ့နေသော အမူအယာများဖြင့် ဟန်ကိုယ့်ပြီး လိုက်ပါနေကြရသည်။

သူတို့မှာ ရှေ့ရှိ သန့်ရှင်းတောက်ပနေသော သုတေသနဂျူတီကုတ် အဖြူရောင်ဝတ်ဆင်ထားသော လူထံသို့ တစ်စက်ကလေးမှ မကြည့်ရဲကြသလို ခေါင်းပင် မမော့ရဲကြပေ။

ကျန်းကျိရင် အသက်အောင့်ထားလိုက်သည်။

ယင်ညန် သူ့ကို မကြိုက်ခင်ကတည်းက သူက အရူးအမူးစွဲလန်းခဲ့ရသည်ဆိုသော်လည်း သူ့တွင် အသိတရားတော့ ရှိပါသေးသည်။ ဒေါက်တာဝိုင်နှင့် ယွီဟောက်၏ တပ်စခန်းမှ လူများက ရင်ဆိုင်ရလွယ်မည်မဟုတ်သလို သူ့ကို သနားညှာတာသောအားဖြင့် လွတ်ပေးလိမ့်မည်ဟု လုံးဝ မထင်ပါချေ။ မျှော်လင့်ချက်စခန်းမှ သူတို့၏ မိတ်ဆွေသံယောဇဉ်ကို ထောက်ထားပြီး ယင်ညန်တစ်ယောက် သူ့ကို ချမ်းသာပေးလိမ့်မည်ကိုတော့ လုံးဝ လုံးဝ မမျှော်လင့်ထားပါချေ။

ဤလူများသည် ကမ္ဘာတစ်ခုလုံးကပင် အသိအမှတ်ပြုထားရသော အဆိုးဆုံးဆိုသည့် ဗီလိန်များသာ ဖြစ်သည်လေ။

ဗီလိန်များ လှုပ်ရှားနေချိန် သွားမနှောက်ယှက်သင့်သည်ကိုတော့ သူသိနေသေးသည်။

ကျန်းကျိရင်၏ နှုတ်ခမ်းပါးတို့ထက်တွင် ခါးသီးသော အပြုံးတစ်ပွင့် ဖူးပွင့်လာသည်။ ရှန်းရှီ ရှိခဲ့သော နေရာကို ကြည့်လိုက်ပြီး အပြင်ဘက်မှ လူများ သူ့ကို အာရုံမစိုက်နေချိန်တွင် တစ်ဖက်ထောင့်သို့ တိတ်တိတ်လေး ကပ်သွားသည်။ အပြင်ဘက်သို့ ချောင်းမကြည့်ရဲပါချေ။

ချောကလက်တွေ အများကြီးပေးထားတဲ့မျက်နှာထောက်ပြီး သခင်ဘော့စ်ကြီးမှ သူ့ကို သူ့(ယင်ညန်)လူများ ရှာမတွေ့အောင် မစပေးဖို့ ဆုတောင်းမိသည်။ ဤလူများ သူရှိရာ ပျက်စီးနေသည့် အခန်းကို လာပြီးမစစ်ဆေးရန်လည်း ဆုတောင်းနေရသည်။ တကယ်လို့ လုံးဝ လာပြီး မစစ်ဆေးခဲ့လျှင် သခင်ကြီးကို ချောကလက်အများကြီး ဝယ်ပြီး ပူဇော်မည်ဟု ကျိန်ဆိုသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now