Part 62

632 88 0
                                    

62 01

အပိုင်း (၆၂)

အလုပ်သစ်၏ လခသည် ယခင်အလုပ်ဟောင်း၏လခ၏ ၂ဆခန့်နီးပါးရသည်။

ကျန်းကျိရင် ကိုယ်တိုင်လည်း လက်ရှိကာလအတောအတွင်း အိမ်ဝယ်ရန်ဆန္ဒ မရှိသေးသည့်တိုင်အောင် သူကအိပ်ခန်း၂ခန်းနှင့် ခန်းမ၂ခန်းပါပြီး ယခင်ထက် ၂ဆခန့်နီးပါးပိုကျယ်သည့် တိုက်ခန်းအသစ်သို့ ပြောင်းရွှေ့ခဲ့သည်။ သဘာဝအလျောက်ပင် ငှားရမ်းခကလည်း အတော်လေး မြင့်သွားသည်။ သို့သော် ကျန်းကျိရင်က ယင်ညန်ကို တွေးမိသည့်အတွက် ထိုနေရာကို ရွေးချယ်​ဖြစ်ခဲ့ခြင်းဖြစ်သည်။

မည်သူမဆို ကိုယ်ချစ်ခင်စုံမက်သော တစ်စုံတစ်ယောက်အတွက်ဆိုလျှင် သဘာဝအလျောက်ပင် အကောင်းများသာ ပေးချင်စိတ်ရှိလေသည်။

ပြောင်းရွှေ့ပြီးနောက် ကျန်းကျိရင်က တာ့ကျားနှင့် တာ့ယိတို့ကို ညစာစားရန် ဖိတ်ခေါ်ခဲ့သည်။ သူတို့က တံခါးဝသို့ ဝင်ရောက်သည်နှင့် အထဲမှ ထွက်လာသော သူသူဌေးယင်ကြောင့် အံ့အားသင့်သွားကြသည်။

ယဥ်ကျေးပြနိုင်ရန်အလို့ငှာ အမျိုးသားနှစ်ယောက်လုံးက ယင်ညန်၏ အရှေ့တွင် တည်ငြိမ်စွာ နေပြသည်။ယင်ညန်က ထွက်သွား​သောအခါမှသာ သူတို့က ဘေးဘက်မှ ကျန်းကျိရင်ကို အသာဆွဲပြီး မေးကြသည်။

"ကျိရင် မင်းရဲ့ မိတ်ဆွေက ဒေါက်တာဝိုင်နဲ့တူတယ်လို့မထင်ဘူးလား ၊ ဂိမ်းထဲက မင်းသဘောကျတဲ့ ဗီလိန်ခေါင်းဆောင်နဲ့လေ"

ကျန်းကျိရင်က လေးနက်သွားသည်။

"ကမ္ဘာကြီးက ဒီလောက်ကျယ်တာ၊ သဘာဝလွန်တာတွေကို လျှောက်တွေးမနေနဲ့၊ သူက ဒီတိုင်း လူသားတစ်ယောက်ပဲ"

တာ့ကျားနှင့် တာ့ယိတို့၏ စိတ်အတွင်း အခြားသော ထင်မြင်ချက်များ ရှိနေကြသည်။

တာ့ကျားကလည်း ကျိရင်က ကြာရှည်စွာ တမ်းတနေခဲ့သည် ဆန္ဒတစ်ခုကို နောက်ဆုံးတွင် လုပ်လိုက်နိုင်ကြောင်း နားလည်လိုက်သည်။ သူက ဂိမ်းများကို အလွန်အမင်း စွဲလမ်းနေသည့် အင်တာနက်အသုံးလွန်သော လူငယ်တစ်ယောက် မဟုတ်တော့ချေ။ တာ့ယိ၏အတွေးများက အမြဲတစေ ခန့်မှန်းရ ခက်နေတတ်သည်။ တချို့အချိန် ကာလတွင်လည်း သူ၏အတွေးများကို ပိုသိရန် ခက်ခဲပေသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now