Part 67

400 50 0
                                    

67 01

အပိုင်း (67)

ကျန်းကျိရင်က တိုက်ခန်းအမျိုးမျိုးကို လိုက်ကြည့်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် ခပ်မြန်မြန်ပင် အဆင်ပြေသွားသည်။ သူက ပြန်လည်ပြင်ဆင်ရေးကုမ္ပဏီကို ပြန်လည်ပြင်ဆင်ရန် မေးမြန်းထားခဲ့သည်။ ပြောပြထားသည့်အတိုင်း ပြန်လည်ပြင်ဆင်ပေးရန် အချိန်တစ်ခု ကြာပေလိမ့်မည်။ သို့သော် သူ့တွင် သိပ်မကြာခင် ကိုယ်ပိုင်အိမ် ရလာတော့မည်ဖြစ်သဖြင့် ပျော်ရွှင်နေပေသည်။

သူက ယွမ်ထျန်းမဟာမိတ်၏ ဌာနချုပ်သို့ ပြန်သွားခဲ့ပြီး လီရွှင်ဖုန်း၏ မျက်နှာကို မတော်တဆ မြင်လိုက်ရသည့်အချိန်တွင် သူ၏ စိတ်အခြေအနေကောင်းများက ပျက်ဆီးသွားခဲ့သည်။ သူ၏မျက်ဝန်းများထဲမှ အေးစက်မှုများကြောင့် မျက်နှာက လျော့ကျသွားသည်။

ဌာနချုပ်နှင့် အကွာအဝေးတစ်ခုသို့ ရောက်သွားပြီးနောက် ယင်ညန်က ထွက်သွားပြီး ပိုင်မန်အဖွဲ့အစည်းမှ အဖွဲ့အဝင်များနှင့်အတူ သွားပေါင်းသည်။ မည်သို့ပင်ဆိုစေ သူ့တွင် ထူးခြားသော အဆင့်အတန်း ရှိသည်။ ထို့ကြောင့် သူက လူသား မဟာမိတ်များ၏ ဌာနချုပ်သို့ အတူလိုက်ဝင်ရန် မသင့်တော်ချေ။

ထို့အချိန်တွင် သူ့နောက်တွင် လိုက်လာသော အားခုန်းက မူမမှန်မှုကို ခံစားမိပြီး သူ့ကို ခပ်တိုးတိုးမေးသည်။

"ခေါင်းဆောင် ဘာကိုကြည့်တာလဲ"

ကျန်းကျိရင်က ခေါင်းခါပြီး ပါးစပ်ကို မဲ့သည်။

လီရွှင်ဖုန်းက လူတစ်ဖွဲ့နှင့်လာသည်။ သူကလည်း မြူအဖွဲ့မှ ယူနီဖောင်းကို ဝတ်ထားသည်။ လီရွှင်ဖုန်း၏ ဘယ်လက်တွင်လည်း ကျန်းကျိရင်ကဲ့သို့ ခေါင်းဆောင်လိုဂိုပုံစံ ရွှေရောင်တံဆိပ်တစ်ခု ရှိနေသေးသည်။

ယွမ်ထျန်းမဟာမိတ်၏ တိုက်ပွဲဝင်အဖွဲ့အစည်း ၁၂ ဖွဲ့လုံးက သဘာဝရှုခင်းနှင့် ဖြစ်စဥ်များအတိုင်း ပေးထားခဲ့သည့် ယူနီဖောင်းအမျိုးမျိုး ကွာခြားသည်။ ဥပမာအားဖြင့် မိုးကြိုးအဖွဲ့ကမူ မိုးကြိုးပုံစံ ငွေရောင်နှင့် အနက်ရောင် ရောထားသည့် ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး မြူအဖွဲ့၏ ယူနီဖောင်းကမူ အဓိကအားဖြင့် အဖြူရောင်ဖြစ်သည်။ ထိုထဲတွင်မှ အပြာအသင်း၏ လိုဂိုနှင့် ရောစပ်ထားခြင်းဖြစ်သည်။ သူတို့၏ ယူနီဖောင်းက ပိုင်မန်အဖွဲ့အစည်း၏ နောက်ဆုံးပေါ် ပစ္စည်းများဖြင့်သုံးကာ လုပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းဆေးကြောရန် လွယ်ကူသလို ဝတ်ရလည်း လွယ်သည်။ အရောင်ဖျော့များကပင် အလွယ်တကူ မညစ်ပေနိုင်ပေ။ ထို့အပြင် ခေါင်းဆောင်၏ ဘယ်ဘက်လက်မောင်းတွင်ရှိသည့် ရွှေရောင်တံဆိပ်ကလည်း ထူးခြားသည့် ကန္တတစ်ခုကို ပါဝင်နိုင်သည်။ ​ပြပွဲနယ်မြေတွင် ခေါင်းဆောင်က သူ့ကိုယ်သူ စတေး​ပြီး ထိုတံဆိပ်ကို တခြားသူတစ်​​ယောက်ကို ပေးလိုက်ခဲ့ပါက ထိုလူက နောက်ခေါင်းဆောင် ဖြစ်လာပေလိမ့်မည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now