Part 9

1.5K 246 2
                                    

Unicode
အပိုင်း (၉) ရတနာ 

မစ်ရှင်ပေါင်းမြောက်များစွာ လုပ်ဆောင်ပြီးနောက် အဖွဲ့သားများ၏ အချင်းချင်း အပေးအယူမျှစွာ လုပ်ဆောင်နိုင်မှုတို့လည်း တိုးတက်လာခဲ့သည်။ အလွန်အလုပ်များနေသည့်အပြင် လူမြင်ကွင်းတွင်လည်း သူ၏ ရေခဲစွမ်းရည်ကို လေ့ကျင့်၍ မရရာ မစ်ရှင်လုပ်ရင်း ရလာသော အမြုတေသုံးခုကို တိကျမှုစွမ်းရည်ကို အဆင့်မြှင့်ရန်သာ သုံးလိုက်ရလေသည်။ 

ယခုတွင် သူ၏ တိကျမှုစွမ်းရည်က အဆင့်တစ် ဖြစ်နေပြီး ရေခဲစွမ်းရည်လေးကတော့ စဦးအဆင့်မှာသာ တစ်နေခဲ့လေခသည်။ သူ၏ ရေခဲလုံးများသည် တစ်ချက်ဖျစ်လိုက်သည်နှင့် ရေအဖြစ်ပြောင်းသွားနိုင်လောက်အောင် အားပျော့လေသည်။ ရေခဲစွမ်းရည်သည် ယခုတွင် အလွန်အသုံးမဝင်သည့် အဆင့်ဖြစ်နေပြီဖြစ်ကာ နည်းနည်းမှ မတိုက်ခိုက်နိုင်ချေ။ 

ဆယ်ရက်ကြာပြီးနောက် သူတို့အဖွဲ့ကို နောက်ထပ် မစ်ရှင်တစ်ခု ပေးခဲ့လေသည်။ အခြေစိုက်စခန်း၏ အနောက်တောင်ဘက်တွင် ဇွန်ဘီများ စုရုံးနေကြပြီး သူတို့အနေနှင့် ထိုသို့ဖြစ်ရခြင်း၏ အကြောင်းအရင်းကို ရှာဖွေရမည်ဖြစ်သည်။ 

အထူးဓာတ်ဆီသုံး ကားများကို ပြင်ဆင်ကြပြီး လူပေါင်းများစွာပါသော အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ကာ မစ်ရှင်ရှိရာသို့ မောင်းနှင်လာကြသည်။ အခင်းဖြစ်ပွားသည့်နေရာမှာ အခြေစိုက်စခန်းနှင့် အတော်လေး နီးကပ်လေရာ အခြေစိုက်စခန်းမှ ထိုနေရာကို မကြာခနရှင်းလင်းရေး လုပ်လေ့ရှိသည်။ ထို့ကြောင့် ၎င်းနေရာတွင် ဇွန်ဘီများ အများအပြား ရှိမနေသင့်ပေ။ 

သို့သော် တစ်ခါတစ်ရံတွင် သူတို့သည် ကြက်သွေးထိုးထားသလို တက်ကြွနေသော ဇွန်ဘီများနှင့် တွေ့ရတတ်သေးသည်။ ထိုဇွန်ဘီများသည် သူတို့နောက်သို့ တက်ကြွစွာ လိုက်တတ်ပြီး အလွန်လဲ လျင်မြန်ကြသည်။ သူတို့၏ အင်အားနှင့် အရှိန်သည် သာမန်တွေ့နေကျ ဇွန်ဘီများထက် များစွာ တိုးတက်နေကြသည်။ 

ကျန်းကျိရင်နှင့် လိရွှယ်ဖုန်းတို့သည် ဘယ်ဘက်နှင့် ညာဘက်အသီးသီး နေရာယူလိုက်ကြသည်။ သူတို့၏ တာဝန်မှာ လမ်းတလျှောက် မူမမှန်မှုများ ရှိမရှိ စစ်ဆေးရသည့် တာဝန်ဖြစ်သည်။ ရုတ်တရက် ကျန်းကျိရင် သူ တစ်ချိန်က ဂိမ်းထဲတွင် ဤနေရာတစ်ဝိုက်၌ အရေးကြီး မစ်ရှင်တစ်ခု လုပ်ခဲ့ဖူးကြောင်း သတိရသွားသည်။ 

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now