Part 68

387 45 0
                                    

68 01

အပိုင်း (68)

လူပေါင်းများစွာက ယုံကြည်မှုကို ခံရသောသူ၊ နောက်ကျောပေးထားလျှင်ပင် စိတ်ချယုံကြည်ရသောသူ ဖြစ်ရန် လိုအပ်သည်။ လီရွှင်ဖုန်း၏ ကောက်ကျစ်မှုနှင့် သစ္စာဖောက်မှုများနှင့် ပတ်သက်ပြီး ကျန်းကျိရင်က အခြားသူများအပေါ် ယုံကြည်မှုပျောက်ဆုံသွားလေ့မရှိချေ။ သူက သူ၏အသင်းဖော်များကိုလည်း အထူးတလည် ယုံကြည်ထားလေသည်။ သူ၏ပြဿနာများနှင့်အခက်ခဲများကို သူတို့အတူ ဝေမျှတတ်ပြီး ဦးနှောက်အတူလုပ်ပေးလေ့ရှိကြသည်။ ထိုလူများထဲတွင် သာ့​တောင့်နှင့် အဖိုးကြီးကျူးတို့က အတွေ့အကြုံများပြီး အခြားသူများ၏ စိတ်ဆန္ဒများအကြောင်း ဆွေးနွေးရာတွင် ​တော်ကြသည်။ ရှောင်ကျင်းနှင့် အားခုန်းတို့ကမူ တွေးတောပေးနိုင်ကြပြီး တစ်ခါတစ်ရံတွင် အမျိုးမျိုးသော အကြံဉာဏ်သစ်များကိုပင် ထုတ်ပေးနိုင်ကြသေး၏။ အားမူက စကားကို လိပ်ပတ်လည်အောင် ကောင်းကောင်းမပြောနိုင်သေးသော်လည်း သူက လက်တွေ့ကျပြီး ကတိကြီးတတ်သောသူ ဖြစ်သဖြင့် အချို့သော သူ၏ လိုအပ်ချက်ရှိသည့်နေရာများတွင်ပင် အလွယ်တကူ ကူညီပေးနိုင်သည်။ သူတို့နှင့်ဆိုလျှင် ကျန်းကျိရင်၏ ပြစ်ချက်များကို ကြီးမားအောင်ချဲ့ပြီး ပြင်ဆင် ဖာထေးရန်အတွက် ကူညီပေးနိုင်ကြသည်။

သာ့တောင့်က ကမ်းလှမ်းသည်။

"တောင်တွေနဲ့ မြစ်တွေကို ပြောင်းလဲဖို့က လွယ်လိမ့်မယ်၊ လူတစ်ယောက်ရဲ့ အကျင့်ကို ပြောင်းလဲဖို့ကတော့ ခက်တယ်၊ လီရွှင်ဖုန်းက ဒီလိုအရာမျိုးကို လုပ်ခဲ့တာမှန်ရင် သူက လူသားတို့နယ်ပယ် ပြန်လည်ရှင်သန် ဦးမော့ရေးအတွက် အင်အားစိုက်ထုတ်ပေးမယ်ဆိုပြီး မဟာမိတ်ကို စာရင်းနဲ့ ခစားဖို့ မဖြစ်နိုင်ဘူး၊ သူ့ရဲ့တစ်ကိုယ်ကောင်းဆန်မှု လောဘတွေအားလုံးက အမြစ်တွယ်ပြီးနေတဲ့ သဘာဝ အကျင့်စရိုက်ဖြစ်နေပြီ၊ လူတိုင်းမှာ ကိုယ်ပိုင် မကောင်းတဲ့ ဘက်ခြမ်းနဲ့ လောဘကြီးတဲ့ ဘက်ခြမ်းဆိုတာ ရှိကြတယ်၊ ဒါပေမဲ့ သာမန်လူတွေက အခြားသူတွေကို နာကျင်အောင်လုပ်ရမဲ့ ကိစ္စမျိုးတွေဆိုရင် ကိုယ့်ကိုယ်ကိုယ် အလိုလို ဆုံးမသင်တင့်တတ်ပြီး အတတ်နိုင်ဆုံး စောင့်ထိန်းတတ်ကြတယ်၊ ဒါက လူတွေမှာ အမွေဆက်ခံထားခြင်း မရှိတဲ့ သဘာဝစရိုက်ကြောင့်ပဲ၊ ဒါပေမဲ့ လီရွှင်ဖုန်းက အဲလိုမဟုတ်ဘူး၊ မင်းသာ သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေမယ်ဆိုရင် သေချာပေါက် သူ့ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ရှာဖွေတွေ့ရှိလာမှာပဲ၊ အဲဒီလိုမှမဟုတ်လည်း ငါတို့က သူ့အတွက် ထောင်ချောက်ဆင်ပြီး သူ့ကို တိုက်ရိုက်ခုန်ဆင်းလာအောင် ကြံစည်လို့ရတယ်၊ ပုံမှန်အားဖြင့်သူက အကြံအစည်ကြီးတဲ့သူဖြစ်လို့ သူ့ကို ပြန်ပြီးချောက်ချနိုင်တဲ့ သက်သေတွေတော့ ချန်ထားခဲ့မှာမဟုတ်ဘူး၊ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးဆိုရင်တောင်မှ ငါတို့ကသာ ထောင်ချောက်ဆင်လိုက်ရင် စိုးရိမ်စရာမရှိတော့ဘူး၊ ဒါပေမဲ့ အဲဒီနှစ်က ကိစ္စနဲ့ ပတ်သက်ပြီး သက်သေကို ရှာဖို့ တအား ခက်နေတာပဲ၊ ဒါပေမဲ့ မျှတမှုကို ရရှိစေဖို့အတွက် သူ့ရဲ့ဟန်​ဆောင်မျက်နှာဖုံးကို စုတ်ဖြဲပြီး စတင်ရမှာပဲ၊ ဒီလိုလောကရဲ့ အဆုံးသတ်မျိုးမှာ လူတိုင်းအကြောက်လန့်ဆုံး၊ သဘောမကျဆုံးက လီရွှင်ဖုန်းလို လူမျိုးတွေပဲ"

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now