Part 15

1.4K 242 5
                                    

Unicode
အပိုင်း (၁၅) ကြောင်ကလေးကို ခိုးယူခြင်း 

နောက်တစ်နေ့တွင် ကျန်းကျိရင်သည် လယ်ဗယ်တက်ရန် အပြင်သို့ ဆက်၍ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်သည်။ ယင်ရှောက်ရှန်းလေးကို တစ်ကောင်တည်း ဂူထဲတွင် မထားခဲ့ရဲပါချေ။ ထို့ကြော်င့ သူ၏ ဘောင်းဘီအိပ်ကပ်ထဲသို့သာ ထည့်ထားလိုက်ပြီး ဘေးကင်းရေးဇုံတစ်လျှောက် ပတ်သွားလေတော့သည်။ 

သူသည် ကြောင်ကလေးကို ထပ်တလဲလဲ တတွတ်တွတ် သတိပေးနေပါသေးသည်။ 

“ဒီနားလောက်ထိပဲသွားလို့ရမယ် ဒီရဲ့ အပြင်ဘက်ကို လုံးဝ လုံးဝ မထွက်ရဘူးနော်” 

ဤကြောင်ကလေး မှတ်ထားမည် မမှတ်ထားမည်ကို မည်သူက သိပါမည်နည်း။ ၎င်းသည် ကျန်းကျိရင်၏ အိတ်ကပ်ထဲတွင် လိမ်လိမ်မာမာလေး ထိုင်နေပြီး ပျော်ရွှင်စွာဖြင့် တဝါးဝါးသမ်းနေသည်။ ၎င်း၏ သေးငယ်သော ရေခဲပြာရောင် မျက်လုံးကလေးများက မမြင်ရလောက်အောင် ကျဉ်းနေပြီး လက်ကလေးနှစ်ဖက်က လက်သည်းသေးသေးလေးများထုတ်ကာ ကျန်းကျိရင်၏ အိတ်ကပ်အနားစကို ကုတ်ထားသည်။ 

ကျန်းကျိရင်၏ ခြေလှမ်းတိုင်း ကြောင်ကလေးကပါ လိုက်၍ ယိမ်းနွဲ့နေသည်။ ကျန်းကျိရင်ကတော့ မနိုင်နိုင်တော့ဟူသော မျက်ဝန်းများဖြင့် အသေးလေး၏ အမွှေးပွပွ ခေါင်းလေးကို ငုံ့ကြည့်မိပါတော့သည်။ ဤကြောင်တစ်ကောင်ကို တကယ်ကြီး သူ၏ သားအရင်းကဲ့သို့ ဆုံးမနေမိသည့် သူ့ကိုယ်သူ အံ့ဩမဆုံးပေ။ ဤသို့သော သူသည် တကယ်ကို ရူးမိုက်တုံးအနေဟန် တူသည်ဟု ခံစားမိသည်။ 

သို့သော် မထိန်းနိုင်ပဲ ဆက်၍ တီးတိုးပြောနေမိသည်။ 

“ဒါလေးက တကယ်ကြီး ငါ့သားအရင်းဆိုရင်တောင် မင်းမှာ နောက်ထပ် အရမ်းအရမ်း စွမ်းအားကြီးတဲ့ ဖေဖေတစ်ယောက် ရှိသေးတယ်....နော်...” 

ထို့နောက်တွင် ဤအစစ်အမှန်ကမ္ဘာရှိ ဒေါက်တာဝိုင်က သူ့ကို မသိသလို ဤကြောင်ကလေးကိုလည်း မသိကြောင်း စိတ်ပျက်စွာ တွေးလိုက်မိသည်။ 

လတ်တလောတွင် ကျန်းကျိရင်သည် ယခင်ကထက်တော့ အနည်းငယ် စွမ်းအားကြီးလာပြီဖြစ်သည်။ ယခုတွင် သူသည် ကျွဲ၊ ဆိတ်၊ နွား နှင့် သမင်တို့ကို တိုက်ခိုက်နိုင်နေပြီဖြစ်သည်။ သူသည် တစ်ရက်တည်းနှင့် ဆိတ်တစ်ကောင်ကို အပြတ်ရှင်းနိုင်သည် ဆိတ်များသည် ရေခဲဒြပ်စင်ပိုင်ဆိုင်သော တိရစ္ဆာန်များ ဖြစ်ကြပြီး သူ၏ စွမ်းအားကို အဆင့်မြှင့်တင်ရန် အကောင်းဆုံးသော သတ္တဝါများဖြစ်သည်။ 

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now