Part 14

1.4K 245 2
                                    

Unicode
အပိုင်း (၁၄) နာမည်ပေးလိုက်ပြီ 

<Tomorrow>၏ Item Store အပတ်စဉ် ထီဖောက်ပေးသည့် အစီအစဉ်ရှိသည်။ ကတ်စတန်မာက Item Storeတွင် အပတ်စဉ် ယွမ်တစ်ရာနှင့် အထက် အသုံးပြုခဲ့လျှင် ကံစမ်းမဲဝင်စမ်းနိုင်သည်။ 

သဘာဝကျကျပင် ကျန်းကျိရင်သ်ည တစ်ပတ်အတွင်းတွင် ယွမ်တစ်ရာမက သုံးခဲ့သည်။ သူသည် အခုလေးတင်မှ ဖွတ်အလောင်းသုံးလောင်းကို စီမံခန့်ခွဲပြီးသွားတာ ဖြစ်သည်။ ထို့နောက်တွင် ခပ်သေးသေး ဆေးမီးဖိုလေးဖြင့် ကနဦးအဆင့် ဆေးများ သန့်စင်နေခဲ့သည်။ 

ကျန်းကျိရင်သည် အလွန် အားယားနေသောကြောင့် Item Store၏ ကံစမ်းမဲပေ့ချ်ကို ဖွင့်လိုက်သည်။ ယခင်ကလည်း ဂိမ်းကံစမ်းမဲအစီအစဉ်တွင် သူဝင်ဆော့ခဲ့ဖူးသည်။ ဂိမ်းတရားဝင် လူမှုဆက်ဆံရေးအဖွဲ့မှ အဆင့်မြင့် မှော်အိမ်မွေးတိရစ္ဆာန်၊ လက်နက်ကိရိယာများ၊ စွမ်းရည်များနှင့် အရည်အချင်းဆိုင်ရာစာအုပ်များကို ကံစမ်းနိုင်သည်ဟု ပြောထားသည်။ သို့သော် များစွာသော ကစားသမားများကတော့ Item သေးသေးများနှင့် ဆေးအချို့ကိုသာ ရလေသည်။ 

ဤတစ်ကြိမ်တွင် သူသည်လည်း မည်သည့်ကံကောင်းမှုမျိုးနှင့်မှ မကြုံနိုင်လောက်ဟု တွေးမိသည်။ မူလအဆင့် သားရဲထောင်ချောက်ကို ရခဲ့သည်။ 

<Tomorrow>ဂိမ်းတွင် အိမ်မွေးတိရစ္ဆာန် စစ်စတန်ရှိကာ ထိုအိမ်မွေးတိရစ္ဆာန်များကို ဖမ်းရသည့် နည်းလမ်းများမှာလည်း အလွန်အံ့အားသင့်စရာကောင်းလေသည်။ 

အိမ်မွေးတိရစ္ဆာန် ထောင်ချောက်တွင် အဆင့်ကြီး ငါးခုရှိသည်။ 

[မူလအဆင့်ထောင်ချောက်] , [အလယ်အလတ်အဆင့်ထောင်ချောက်], [အဆင့်မြင့်ထောင်ချောက်], [အထူးအဆင့်မြင့်ထောင်ချောက်], နှင့် [နတ်ဘုရားအဆင့်ထောင်ချောက်] 

ကွာခြားချက်ကတော့ ၎င်းတို့နှင့် ဖမ်းမိသော အိမ်မွေးတိရစ္ဆာန်များ၏ လယ်ဗယ်လည်း လိုက်၍ ကွာသွားခြင်းပင်။ အိမ်မွေးတိရစ္ဆာန်များအဖြစ် ဇွန်ဘီများနှင့် မွန်းစတားများကို ဖမ်း၍မရပေ. အချို့သော လယ်ဗယ်မြင့်အိမ်မွေးတိရစ္ဆာန်များသည် တိုက်ခိုက်နိုင်စွမ်း မြင့်ရုံသာမက တောင်တစ်လုံးလောက်အထိ ကြီးလာနိုင်သော စကေးလည်း ရှိကြသေးသည်။ ထိုသို့သော အိမ်မွေးတိရစ္ဆာန်များကို စီးတော်အဖြစ်လည်း အသုံးချကြသည်။ 

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now