Part 61

639 97 0
                                    

61 01

အပိုင်း (၆၁)

ကျန်းကျိရင်သည် စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူသည် တစ်ဖက်လူ၏ ထွေးပွေ့မှုတွင် ကိုယ်ကိုမှီထား၍ မျက်နှာကို နှစ်မြှပ်ထားလေသည်။ ထိုသူကိုလည်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေသည်။

ပထမဦးဆုံးအကြိမ်အဖြစ် သူသည် ထိုသူကို အမှန်တကယ် ဖက်ထားလိုက်ခြင်း ဖြစ်လေသည်။

ထိုသူ၏ ခန္ဓာကိုယ်မှာ ကိုယ်သင်းရနံလေးနှင့်အတူ နွေးထွေး၍ အင်အားကောင်း လှလေသည်။

ကျန်းကျိရင်၏ နှလုံးသားသည် အနည်းငယ် ခုန်နေလေသည်။

သူသည် ထိုကဲ့သို့ ထူးခြားဆန်းကြယ်သောကိစ္စနှင့် ပတ်သက်၍ ထင်မြင်ချက် များစွာ ရှိနေလေသည်။ ချောကလက် မတော်တဆမှုနှင့် အခြားသောဖြစ်ရပ်များ ဖြစ်ပွားပြီးနောက်တွင် ယင်ညန်သည်လည်း ထိုလောကနှစ်ခုအကြောင်းကို သိနှင့်နေသူဖြစ်ကြောင်းကို လုံးဝ မှန်းဆမိသွားလေသည်။ သို့သော် သူသည် အမှန်တရားမှာ ထိုကဲ့သို့ ဖြစ်နေလိမ့်မည်ဟုတော့ ထင်မထားမိခဲ့ချေ။ ယင်ညန်သည် လူသားတစ်ယောက် မဟုတ်သလို ဤလောကကြီး၏ ဖြစ်တည်မှုဖြစ်နေသော ဂိမ်းဇာတ်ကောင်တစ်ခုလည်း မဟုတ်ချေ။ သူ့အနေဖြင့် ဤနေရာသို့ ရောက်ရှိနေရခြင်းအကြောင်းသည် ယင်ညန်သည် သူ့အား ယာဉ်မတော်တဆမှုမှ ကယ်တင်ပေးချင်ခဲ့သောကြောင့် ဖြစ်လေသည်။

သူသည် ဦးခေါင်းကိုမော့လိုက်ကာ ကောင်းကင်မှ လဝန်းကြီးကို ကြည့်လိုက်လေသည်။ ထို့နောက် သူ့အရှေ့မှ သူ၏ မေးစေ့ကို မော့ကြည့်လိုက်ကာ တီးတိုးပြောဆို လိုက်လေသည်။ "ဟုတ်တာပေါ့..."

ထာဝရဆိုသော စကားလုံးသည် သူ့အတွက်တော့ စိတ်မသက်မသာ ခံစားရလေသည်။ အချိန်များသည် ထာဝရဖြစ်တည်နေသောအခါ ပြောင်းလဲမှုများလည်း ဖြစ်တော့မည် မဟုတ်ချေ။ ထို့အပြင် သူ၏ချစ်သူသည် ထာဝရဟူသော စကားကို ပြောလိုက်သည်ဆိုလျှင် ထိုအရာသည် အမှန်တကယ်ပင် ထာဝရဖြစ်သွားမည် ဖြစ်လေသည်။

သို့သော် သူ၏ တွဲဖက်သည် ထိုသူဖြစ်နေလေသည်။ ထို့ကြောင့် သူသည်လည်း ဆန္ဒရှိလေသည်။ မည်သည့်ကိစ္စများပင် ဖြစ်လာပါစေ သူ့အနေဖြင့် ဆန္ဒရှိလေသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now