Part 65

395 49 1
                                    

65 01

အပိုင်း (၆၅)

ယင်ညန်က မိုးကြိုးအဖွဲ့နောက်သို့ လိုက်ကာ အခြေစိုက်စခန်းအထိ တောက်လျှောက် ပြန်ပါလာခဲ့သည်။ ရှောင်ကျင်းနှင့် အားခုန်းတို့ကလည်း သူတို့၏ ခေါင်းဆောင်နှင့် ယင်ညန်ကြားမှ ထူးဆန်းသော ဆက်ဆံရေးအခြေအနေကို အချင်းချင်း အပြန်လမ်းတစ်လျှောက် ပြောဆိုဆက်ဆံပုံမှ တစ်ဆင့် သတိထားမိလာကြသည်။ ခေါင်းဆောင်နှင့် ဒေါက်တာယင်တို့က အတူလမ်းလျှောက်နေသောအခါ လေထုအခြေအနေက ထူးဆန်းသွားသည်။

ရှောင်ကျင်းက သိချင်စိတ်ကို မအောင့်နိုင်တော့ဘဲ ​ရှက်ရွံ့နေသော လေသံဖြင့်မေးလိုက်သည်။

"ခေါင်းဆောင်၊ ခေါင်းဆောင် အရင်က ဒေါက်တာယင်နဲ့ သိခဲ့လား၊ ငါဆိုလိုတာက မျှော်လင့်ချက် ဌာနချုပ်ကို မရောက်ခင်ပြောတာ"

ကျန်းကျီရင်က မည်သို့ပြန်ဖြေရမည့်အကြောင်း တွေးတောနေစဥ် ယင်ညန်က ဉာဏ်ကောင်းသူပီပီ တိုက်ရိုက်ပင်ဖြေသည်။

"ဟုတ်တယ် ငါက မင်းတို့ခေါင်းဆောင်နဲ့ ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာခဲ့တာ၊ ကမ္ဘာကပ်ဘေးမှာ ကိစ္စတစ်ခု ဖြစ်သွားခဲ့ပြီး ငါ သူ့ကို ပျောက်သွားတယ်၊ ငါ မျှော်လင့်ချက် ဌာနချုပ်ကို ပြန်ရောက်တော့ သူက သိပ်မပျော်နေဘူး၊ ဒါကြောင့် သူက ငါ့ကို မသိချင်​ယောင်ဆောင်နေခဲ့တာ"

ထိုမှတ်ချက်က အတော်လေး အဓိပ္ပါယ်အပြည့် ပါသည်။ အလယ်တွင် ရပ်သွားသော တစ်ခဏကပင် လျှို့ဝှက်ချက်များစွာကို သယ်ဆောင်ထားလေသည်။

ရှောင်ကျင်းက ရုတ်တရက် ဒေါက်တာယင်ကလည်း နေရာလှပ် စွမ်းရည် အသုံးပြုသူဖြစ်ကြောင်း သတိရသွားသည်။ ထိုသို့ဖြင့် သူက တစ်စုံတစ်ရာကို နားလည်လိုက်သလိုမျိုး ခံစားလိုက်ရသည်။

ထိုနှစ်ရက်အတောအတွင်း လူတိုင်းက လျှို့ဝှက်အမိန့်တစ်ခုကို လက်ခံရရှိခဲ့သည်။ တစ်နည်းအားဖြင့် မိုးကြိုးအဖွဲ့မှ ခေါင်းဆောင်ကို နေရာရွှေ့ပြောင်းပေးပြီး လက်ရွေးစင်အဖွဲ့ဝင် ၁၂ ယောက်ကို ရွေးချယ်ကာ မဟာမိတ်ဌာနချုပ်သို့ ပို့ပေးရခြင်းဖြစ်သည်။ လက်ထောက်တာဝန်ခံကလည်း ကိစ္စများအားလုံးကို ကိုင်တွယ်ရန် နေခဲ့ရလေသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Waar verhalen tot leven komen. Ontdek het nu