Part 22

1.2K 209 3
                                    

22 01

အပိုင်း (၂၂) ကပ္ပတိန်အသစ်

ပထမဆုံးအကြိမ် ဦးဆောင်ဖူးသော ကျန်းကျိရင်တွင် အတွေ့အကြုံ စိုးစင်းမှ မရှိပေ။ သူ့အတွေးထဲတွင် ပထမဆုံး တွေးထင်မြင်ယောင်မိလာသူမှာ သူ၏ အခြေစိုက်စခန်းမှ ကပ္ပတိန်ဦးလေးဖြစ်သည်။ ကပ္ပတိန်ဦးလေးသည် အလွန်သဘောကောင်းသော လူကောင်းတစ်ယောက်ဖြစ်သည်၊

သူ့တွင် စံပြထိုက်သော စည်းမျဉ်းစည်းကမ်းများလည်း ရှိသည်။ သူတို့ ညစာစားရန် သွားသော အချိန်တွင် ဦးလေးသည် စိတ်ဖိစီးဟန်ဖြင့်

"ကျုပ်တို့ မသောက်ဖို့ ဘယ်တော့မှ ပြောမှာမဟုတ်ဘူး စိတ်တိုင်းကျ သောက်ကြမယ်"

ထို့နောက် ခနကြာသော်

"ကျုပ်ရဲ့ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တွေအတွက် တစ်ခွက်"

"ကျုပ်ရဲ့ အမျိုးသားလုပ်ဖော်ကိုင်ဖက်တွေကို လေးစားမှုပေးတဲ့အနေနဲ့ တစ်ခွက်"

"တစ်ခွက်လောက် အတူတူ သောက်လိုက်ကြရအောင်"

"..."

"........."

နောက်ပိုင်း ကျန်းကျိရင် သူ့ကို တွေ့သော အချိန်တွင် မူးပြီး ခေါင်းကိုက်နေသည်ကို မြင်ခဲ့ရသည်။

ကျန်းကျိရင် ခေါင်းယမ်းလိုက်ပြီး ကပ္ပတိန်ဦးလေးအကြောင်းကို စိတ်ထဲမှ ထုတ်လိုက်သည်။ သို့သော် သူ့ခေါင်းထဲတွင် ကလေးဘဝမှ လက်ရှိအချိန်အထိ တွေ့ဆုံခင်မင်ခဲ့ဖူးသော လူများ ရောက်လာပြန်သည်။ နောက်ဆုံးတွင် တိတ်တိတ်လေး တွေးမိလိုက်သည်။

'တကယ်တော့ ငါ... ဘော့စ်ယင်ဆီကနေ သင်ယူသင့်တာ'

အဆောက်အဦးအဝင်စတွင် ရပ်နေရင်း ကျန်းကျိရင် လက်သီးဆုပ်၍ သူ့ကိုယ်သူ ကျိတ်အားပေးလိုကသ်ည်။ တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်းစွဲထင်နေပါသော ပုဂ္ဂိုလ်ကို ပြန်တွေးလိုက်ကာ ထိုသူ၏ မျက်နှာထားကို တုပလိုက်သည်။

အဆောက်အဦးကြီးတစ်ခုလုံးသည် ဩချရလောက်အောင် မှောင်မည်းနေသည်။ ယခုမှ မနက်ခင်းကိုးနာရီသာ ရှိသေးပြီး တိမ်ကင်းစင်ပြီး နေသာနေသော်လည်း အဆောက်အဦးကတော့ အလင်းပိတ်နေအောင် မှောင်မိုက်နေသော လေထုကြီးကို ဖန်တီးထားသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now