Part 5

1.6K 257 1
                                    

Unicode

အပိုင်း (၅) ငွေသွင်းခြင်း 

သို့သော် ကျန်းကျိရင် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါချေ။ အုတ်အော်သောင်းနင်းဖြစ်သံကို ကြားပြီး အားလန်တစ်ယောက် ရောက်ချလာကာ မျက်ခုံးပင့်၍ မေးလိုက်သည်။ 

“ဘာဖြစ်နေကြတာလဲ” 

ကျန်းကျိရင်အား အစိမ်းလိုက် ဝါးစားမတတ် ဖြစ်နေသော ယွီဟောက်သည် ချက်ချင်း နာနာခံခံ အမူအယာသို့ ပြောင်းသွားပြီး 

“မဖြစ်ပါဘူး အမလန် ဘာမှ မဖြစ်ပါဘူး” 

ယွီဟောက်၏ ဤသို့သော တုံ့ပြန်မှုမျိုးကို ကျန်းကျိရင် မမျှော်လင့်ထားမိချေ။ ကျန်းကျိရင် ယွီဟောက်အား တွေဝေစွာ ကြည့်လိုက်ပြီး အားလန်အား ဖြစ်သမျှ အကြောင်းတို့အား ပြောပြလိုက်၏။ ကိစ္စကြီး မဟုတ်လေရာ အားလန်က ကျန်းကျိရင်အား ယွီဟောက်ကို နောက်ထပ် ဆန်ပြုတ်တစ်ခွက်ပေးရန် ညွှန်ကြားလိုက်သည်။  

ယခုသည် ကမ္ဘာပျက်ကပ်၏ အစောပိုင်းကာလဖြစ်သောကြောင့် အစားအစာများက နောက်ပိုင်းအဆင့်များလောက်တော့ မရှားပါးသေးပေ။ သာမန်လူများအနေဖြင့် ယခုအချိန်တွင်တော့ အေးအေးဆေးဆေး ဗိုက်ဖြည့်၍ နေနိုင်ပါသေးသည်။ ရိက္ခာများ ဝေပေးပြီးနောက် ကျန်းကျိရင် ပုံမှန်အသံဖြင့် ပြောသည်။ 

“ခုနက လူက အရမ်းကို ကြမ်းတမ်းတာပဲ သူ ကျွန်တော့်ကို ရိုက်တော့မယ်လို့တောင် ထင်သွားတာ”

အမလန်က ပြုံး၍ ခေါင်းယမ်းလိုက်ကာ 

“သူ မလုပ်ရဲပါဘူး” 

ကျန်းကျိရင်က အနည်းငယ် ရှုပ်ထွေးထွေးဖြစ်သွားသည်။ ဂိမ်း၏ လက်ရှိ တိုးတက်နေမှု ဖြစ်စဉ်အရ ဘော့စ်ယွီဟောက်သည် အလွန်စွမ်းအားကြီးကာ ရန်လိုတတ်သူဖြစ်ပြီး အရာအားလုံးကို မုန်းတီးနေတတ်သူ ဖြစ်သည်။ သို့သော် ဒေါက်တာဝိုင်၏ ထောက်ပံ့ပေးမှုကြောင့် ဤမီးစွမ်းရည်နှင့် လူသည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာကာ လူပေါင်းများစွာကို ကူကယ်ရာမဲ့စေခဲ့သည်။ 

‘သူမလုပ်ရဲတာ ရှိပါ့မလား’ 

နောက်ရက်အနည်းငယ်တွင် သူသည် ဒီအတိုင်း ရိက္ခာသာ ဝေနေရခြင်းကို အလွန်ပျင်းရိလာပြီး ယွီဟောက်ကို မသိမသာ လေ့လာကြည့်တော့သည်။ ထိုအချိန်တွင် ပြဿနာ၏ အဓိကအချက်ကို သိလိုက်ရသည်။ ယွီဟောက်သည် လက်ရှိတွင် မည်သည့် စွမ်းရည်မှ မနိုးထသေးသော သာမန်လူသားတစ်ဦးသာ ဖြစ်နေသေးသည်။ 

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now