Part 73

231 26 0
                                    

73 01

အပိုင်း (73)

မြူထုအဖွဲ့က ရောက်လာသောအခါ တိုက်ပွဲက အဆုံးသတ်သွားပြီဖြစ်သည်။

လီရွှင်ဖုန်းက မြင်ကွင်းကို ကြည့်ပြီးနောက် ကျန်းကျိရင်ကို တစ်ဖန်ပြန်ကြည့်ပြီးမှသာ သူ၏ လူများနှင့်အတူ ထွက်ခွာသွားသည်။ မြူထုအဖွဲ့က ဒီညတာဝန်ရှိသည်။ ထို့ကြောင့် သူတို့က ဒီနေရာတွင် ဆက်နေရန်အကြောင်းပြချက် မရှိချေ။

လူတိုင်းကလည်း အခြေအနေကို ကြားကြပြီး ချက်ချင်းလိုလို လာကြည့်ကြသောအခါ ခေါင်းဆောင်ကျန်း၏ ဒဏ္ဍာရီလာကြောင်က အကျိုးပြုမှုအကြီးကြီး လုပ်လိုက်ကြောင်း သိလိုက်ရသည်။

ယင်ညန်က ရှက်နေပြီး ကျန်းကျိရင်၏ အိတ်ကပ်ထဲသို့ ပြန်လည် တိုးဝင်သွားသည်။ ထိုသို့ဖြင့် ခပ်တိုးတိုးသာ အော်နေတော့သည်။ အသင်းများမှ အမျိုးသမီးအများစုနှင့် ကောင်ငယ်လေးများကမူ တအံ့တသြ အော်ကြသည်။

"ချစ်စရာကောင်းလိုက်တာ"

"ခေါင်းဆောင်သူ့ကို ဒီလောက်အလိုလိုက်တာ အံ့သြစရာ မရှိတော့ပါဘူး၊ သူက တကယ် အင်အားကြီးတာကိုး"

"သူဘယ်သူလဲဆိုတာကို မင်းတို့သိရင် ဒီလိုတွေးတော့မယ် မထင်ဘူး"

ကျန်းကျိရင်က လျှို့ဝှက်စွာတွေးနေသည်။

သို့သော် သူကိုယ်တိုင်ကလည်း ကြောင်တစ်ကောင်အတွက် ထိုသို့လုပ်နိုင်ခြင်းက ပုံမှန်မဟုတ်ဟု ခံစားရသည်။ ထို့ကြောင့် အကြောင်းပြချက်တစ်ခု ရှာလိုက်သည်။

"သူက တစ်လမှ တစ်ကြိမ်လောက်ပဲ စွမ်းအားသုံးနိုင်တာ၊ ငါ့ရဲ့ လျှို့ဝှက်လက်နက်ပေါ့"

"ငါတို့ရဲ့ ဌာနမှာတုန်းက တာ့ရှန်းကို ဘာလို့မမြင်ရတာလဲ"

သူနှင့်အတူရှိခဲ့သည်မှာ ကြာပြီဖြစ်သည့် အဖွဲ့ဝင်ဟောင်းများထဲမှ တစ်ယောက်က အချိန်တန်ကြာသည့်အခါ သည်းမခံနိုင်ဘဲ မေးလာသည်။

ကျန်းကျိရင်က ဖျော့တော့စွာ ပြောသည်။

"အင်း ယင်ညန်က သူထွက်မသွားခင် လွန်ခဲ့တဲ့နှစ်ရက်လောက်ကမှ ငါ့ကို ပေးခဲ့တာလေ"

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now