Part 40

993 172 1
                                    

40 01

အပိုင်း (၄၀)

"ဒီကို သူ့ကိုရှာဖို့ လာခဲ့တာ"

ဤစကားကိုပြောပြီးနောက် ယင်ညန်သည် ဘာမှ မထူးခြားသလို သူ့ကို ကြည့်နေခဲ့သည်။

ကျန်းကျိရင် မထင်မှတ်ထားသော အကြောင်းအရင်းကို ပြောလိုက်သည့် ရှေ့မှ လူကြောင့် အလန့်တကြားဖြစ်သွားသည်။ သူကိုလည်း ထိုမိုက်မဲလှပါသည်ဆိုသော "မီမီ" မှန်း သိသွားမည်ကို ကြောက်လာသည်။

အပြစ်ရှိစိတ်ကြီး........

ကျန်းကျိရင် ခေါင်းယမ်း၍ သူ၏ လက်တွေ့မကျသော အတွေးများကို ထုတ်လိုက်သည်။ ယင်ညန်ကို အလွန်ရိုးသားသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး

"ဒေါက်တာက ဒီလောက်ကောင်းတာ သေချာပေါက် ဒေါက်တာ့ရဲ့ ကြောင်ကလေးကို ရှာတွေ့မှာပါ ဘာကိစ္စမှ မရှိတာ့ဘူးဆိုရင် ကျွန်တော့်ကို ခွင့်ပြုပါဦး နောက်မှ တွေ့မယ်နော်"

အသက်တစ်ရှိုက်အတွင်း စကားကုန်ပြော၍ မြန်မြန် လှည့်ထွက်သွားသည်။ သူ၏ ထွက်သွားသော နောက်ကျောကို ကြည့်၍ ယင်ညန် နှုတ်ခမ်းစေ့လိုက်သည်။

'သူ ထပ်ပြီး ထွက်ပြေးသွားပြန်ပြီ'

ဒေါက်တာယင် မပျော်တော့ပါ။

ကျန်းကျိရင် သူ့အခန်းကို ဖင်မီးစွဲနေသလို အမြန်ပြေးလာသည်။ သူ့မျက်နှာကို လက်နှင့်အုပ်၍ ကုတင်ပေါ်သို့ ခုန်တက်လိုက်သည်။ ယင်ရှောက်ရှန်းက အသံပေးပြီး သူ့နားသို့ ရောက်လာသည်။ သူ့ကို ရေခဲပြာရောင် မျက်လုံးဝိုင်းဝိုင်းလေးများအဖြစ် စူးစမ်းသလို ကြည့်နေသေးသည်။
ကျန်းကျိရင် ရှောက်ရှန်းကို လက်တစ်ဖက်တည်းနှင့် ချီလိုက်ပြီး ပေါင်ပေါ်တင်လိုက်သည်။ သူ၏ လက်ညှိုးလေးဖြင့် ကြောင်နှာခေါင်းသေးသေးလေးကို အသာအယာ ပုတ်လိုက်သည်။

ယင်ရှောက်ရှန်း သူ့ခေါင်းကို မပျော်ရွှင်စွာ လှည့်ပစ်သည်။

ကျန်းကျိရင် သူ့ကိုယ်သူ ပြောသည်။

"ဘော့စ်က ကြောင်ကလေးတွေကို အရမ်းကို ကြိုက်တာပဲ မင်းကလည်း အဲဒီတုန်းက ငါနဲ့ တစ်ပုံစံတည်းနီးနီးပဲ သူ မင်းကိုလည်း ကြိုက်လောက်တယ်............ မင်းကို တွေ့ရင် သူအရမ်းပျော်သွားလောက်တယ်"

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now