Part 32

1K 200 4
                                    

32 01

အပိုင်း (၃၂)

ကျန်းကျိရင်၏ ကိရိယာများအားလုံးသည် Item Store မှ ရထားခြင်းဖြစ်သည်။ ဤအချိန်တွင် ဂိမ်းထဲမှကဲ့သို့ပင် အားလုံ သူ့ကိုယ်ပေါ်တွင် ရှိသေးသော်လည်း ကြောင်အသွင်ပြောင်းသွားသည်နှင့် မမြင်ရအောင် ပျောက်ကွယ်သွားသည်။ သို့သော် သူဝတ်ဆင်ထားသော အဝတ်အစားများမှာ အခြေစိုက်စခန်းမှ ဖြစ်ပြီး အသွင်ပြောင်းခန်းထဲတွင် ကျန်ခဲ့ကာ စခန်းမှ ပေးထားသော ဆက်သွယ်ရေးစက်နှင့် သေနတ်တို့သည်လည်း ထိုအထဲတွင် ကျန်ခဲ့သည်။

ကျန်းကျိရင် သူ့ကို ရှာမတွေ့၍ အဖွဲ့သားများ စိုးရိမ်နေမည်ကို တွေးမိသွားသည်။ ပထမဆုံးသူသည် အထိတ်ထိတ်အလန့်လန့်ဖြင့် သူ၏ ကြောင်လက်သည်းလေးများကို သုံးကာ မက်ဆေ့ချ်တစ်စောင်ရိုက်၍ လောင်ကျူနှင့် အားမုတို့ထံသို့ ဆက်သွယ်ရေးစက်မှ တစ်ဆင့်ပို့လိုက်သည်။

မက်ဆေ့ထဲတွင် ရေးထားသည်မှာ

"ကျွန်တော် အဆင်ပြေတယ် လွတ်လည်းလွတ်လာတယ် အခုတော့ ကျွန်တော် တစ်နေရာမှာ နေရဦးမယ် ယိုးခွင်ကို သတိထားပါ"

သူလွတ်လာသည့်သတင်းမှသာ အဖွဲ့သားများ စိတ်အေးမည်ဖြစ်သည်။ သို့သော် သူသည် လွတ်လာလည်း ဤအခြေအနေဖြင့် ပြန်မသွားနိုင်သေးပေ။

မက်ဆေ့ချ်ပို့ပြီးနောက် ဇွန်ဘီဘော့စ်ကို ကြည့်လိုက်ပြီး ယင်ရှောက်ရှန်းကဲ့သို ကလေးဆန်ဆန်အပြုအမူလေး လုပ်လိုက်လေသည်။ တရွတ်ဆွဲ၍ ကြမ်းပြင်ပေါ်သို့ ခုန်ချလိုက်ပြီးမှ သေအောင်လန့်သွားသည်။

ကြောင်တစ်ကောင်အနေဖြင့် ဤအခန်းမှ ဓာတ်ခွဲခန်းပေါက်ထိ သွားရမည့် လမ်းမှာ တကမ္ဘာလောက်ဝေးသည်ဟု ခံစားလိုက်မိသည်။ ကျန်းကျိရင်မှာ ဒူးများချောင်လာပြီး နှစ်ခါလောက် ဒူးထောက်ကျသွားခဲ့သေးသည်။

ကံကောင်းစွာဖြင့် ဤနေရာတွင် မည်သူမျှ မရှိသောကြောင့် သူ့ပုံရိပ်လေး ထိခိုက်မည်ကို စိတ်မပူရပေ။ သူသည် ထမရပ်ခင် ရှေ့သို့ နည်းနည်းရောက်ရောက် လှိမ့်သွားလိုက်သေးသည်။ ဆက်၍ လျှောက်သွားချိန်တွင် ဝမ်းနည်းလွန်း၍ စိတ်မထိန်းနိုင်စွာ "အောင်းဝ်" ဟု အော်မိသည်မှာ အခါခါပင်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now