Part 71

255 34 0
                                    

71 01

အပိုင်း (71)

ခေါင်းဆောင်၏ ညီငယ်ကို မောင်အောင်းဟု ခေါ်သည်။ ကျန်းကျိရင်က ခန့်မှန်းထားသလိုမျိုး သူကလည်း စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။

ကျန်းကျိရင်ကလည်း သူ့ထံ ပြန်လာမည်ဖြစ်ကြောင်း ယုံကြည်ထားသည်။ ယခုက လောက၏ အဆုံးသတ်ကာလဖြစ်သည်။ တရားမျှတမှုအတွက်ပင်ဖြစ်စေ၊ လူသားဆန်စိတ်များအတွက်ပင်ဖြစ်စေ သင့်တော်သော နေရာများ ရှိမနေခဲ့ချေ။ လီရွှင်ဖုန်း၏ လုပ်ဆောင်မှုနှင့် အပြစ်များက ကျန်းကျိရင် ပြောသည့်အတိုင်းသာ ဖြစ်နေခဲ့လျှင် ခေါင်းဆောင်၏ညီငယ်ဖြစ်သည့် မောင်အောင်းကလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်း လုပ်ပေလိမ့်မည်။

ဒါက ဇာတ်ကြောင်း၏ ဖွံ့ဖြိုးတိုးတက်မှုမှ အာရုံစိုက်ရာ ဖြစ်လာနိုင်ကြောင်း ခပ်ရေးရေး ခံစားမိလိုက်သည် ။ လီရွှင်ဖုန်း၏ ဂိမ်းထဲမှ ကဏ္ဍ၏ အရေးပါမှုကို စဥ်းစားဆင်ခြင်ခြင်းအားဖြင့် မောင်အောင်းက စီစဥ်ပေးသော အဖွဲ့ကလည်း သာမန်မဟုတ်နိုင်လောက်ချေ။ ကျန်းကျိရင်က ယခုလိုမျိုး ဝင်ရောက်စွက်ဖက်လိုက်ခြင်းက နိဒါန်းပျိုးတာဝန်များထဲမှ တစ်ခု ဖြစ်ကောင်းဖြစ်သွားနိုင်သည်။

ပို၍ဆိုးသည်မှာ မူရင်းဂိမ်းဇာတ်ကြောင်းထဲတွင် သူကဲ့သို့သော လူမျိုးက မတည်ရှိနေခဲ့လျှင် မောင်အောင်းကလည်း လီရွှင်ဖုန်း၏ မျက်နှာ အစစ်အမှန်ကို ဖော်ထုတ်သည်ဆိုသော အရေးကြီးသော ကဏ္ဍတွင် သေချာပေါက် ပါဝင်ပေလိမ့်မည်။ ထိုအတွက်ကြောင့်လည်း ကျန်းကျိရင်က မောင်အောင်းကို ယခုလိုအ​ခြေအနေမျိုးထဲ ဆွဲသွင်းလိုက်ခြင်းဖြစ်သည်။ ယင်ညန်က ပြောသည့်အတိုင်းဆိုလျှင် ဒီလောက၏ အစပိုင်းဖွဲ့စည်းတည်ဆောက်မှု အပိုင်းတွင် သူကိုယ်တိုင်ကလည်း ဇာတ်ကြောင်း၊ ဇာတ်လမ်းတည်ဆောက်ပုံ၊ ကာရိုက်တာ အစရှိသဖြင့် ဂိမ်းမှအရာရာတိုင်းကို မည်သူကမှ ရှာမသိအောင် ပြောင်းလဲနိုင်ခဲ့သည်။ သူ၏ စွမ်းအားဖြင့် လှည့်ပြောင်းမှုမှတစ်ဆင့် ဒီလောကက ဆက်လက်ပြီး ဖွံ့ဖြိုးတိုးတက်လာပေလိမ့်မည်။ ထိုသို့ဖြင့် ပို၍ပင် အစစ်အမှန်ဆန်သထက်ဆန်ကာ အင်အားတစ်ဖန်ကြီးလာပေလိမ့်မည်။ တစ်ချိန်တည်းတွင်ပင် ထိုအ​ခြေအနေက ယင်ညန်အား စွမ်းအားများ ပေးစွမ်းနေပေလိမ့်မည်။ သို့သော် ဂိမ်းထဲမှ ဇာတ်ကြောင်းဖွဲ့မှု တိုးတက်မှု၏ အချို့အပိုင်းများကို ပြောင်းလဲရန် မလွယ်ကူသော အခြေအနေကလည်း ရှိနေသေးသည်။ သို့မဟုတ်လျှင် ဒီလောက၏ မျှခြေက ပျက်သွားပေလိမ့်မည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now