Part 96

169 24 0
                                    

96 01

အပိုင်း (96)

ကျန်းကျိရင်က ယင်ညန်ကို ခွင့်မလွှတ်ရန် ခိုင်မာစွာ ဆုံးဖြတ်ချက် ချထားသည်။

ယခုတလော ယင်ညန်က အစားအသောက် လုပ်သည်။ အိမ်ကိုလည်း သန့်ရှင်းပေးသည်။ သူ့ကိုလည်း အလုပ်သို့ လိုက်ပို့ပေးသည်။ အလုပ်မှလည်း လာကြိုပေးသေးသည်။ အိမ်၏ appများကိုလည်း ညှိပေးသည်။ ယင်ရှောင်းရှန်း၏ ကြောင်စာကိုလည်း နေ့တိုင်း ပြင်ဆင်ပေးသေးသည်။ ကျန်းကျိရင်က မလုပ်ချင်သော အလုပ် ရှိသည်နှင့် လာရောက်ကူညီပေးပေလိမ့်မည်။ ပို၍ဆိုးသည်မှာ သူက အမြဲတစေ ငြင်သာသိမ်မွေ့ပြီး စိတ်အားထက်သန်နေသေးသည်။ ကျန်းကျိရင်ကသာ သူ၏ ကြယ်ငါးပွင့် ဝန်တောင်မှုများကို ပျော်ရွှင်ခံစားနေရင်း ခွင့်လွှတ်လိုက်ပါက အရူးဖြစ်သွားပေလိမ့်မည်။

ယင်ညန်က အမျိုးမျိုးသော လှည့်ကွက်များနှင့် သူ့ကို ချော့နေခဲ့သည်။

ဥပမာ အားဖြင့်..

"ကျိရင် မင်းမနက်​ဖြန်ကို ပြန်မလာချင်ဘူးလား"

ကျန်းကျိရင်က စကားမပြောသော်လည်း ယင်ညန်က ဆက်ပြောသော စကားကို ကြာလိုက်ရသည်။

"မင်းရဲ့အဖွဲ့သားတွေကို မလွမ်းဘူးလား"

ကျန်းကျိရင်က သူတို့ကို လွမ်းနေသည်ဟု ခံစားရသည်။ မနက်ဖြန်နှင့် အဆက်အသွယ်ပြတ်သွားသော ပုံစံကို တွေးမိပြီး မပေါ်လာသည်မှာ အချိန်အတန်ကြာကြောင်း တွေးမိသည့်အခါ မနေနိုင်ဘဲ စိုးရိမ်လာရသည်။ သူက ထိုအကြောင်းရာကို တွေးမိသောအခါ ဆက်မထိုင်နိုင်​ပေတော့ချေ။

ယင်ညန်ကလည်း ဆက်ပြီးပြောပြသည်။

"ဪ ဟုတ်သားပဲ၊ ယွင်ချူလို့ ခေါ်တဲ့သူက မင်းရဲ့အသင်းကို ဖမ်းထားပြီး ၃ရက်နေလို့မှ မပေါ်လာခဲ့ရင် တစ်နေ့တစ်ယောက်စီ သတ်မယ်လို့ ပြောထားတယ်"

သူက ပျော်ရွှင်စွာဖြင့် ခေါင်းကို မော့သည်။

"ကျိရင် မင်းရဲ့ပြစ်မှုက ငါနဲ့ ပူးပေါင်းတာတဲ့"

ကျန်းကျိရင်က သူ၏ လက်များကို တိတ်တဆိတ် ဆန့်ထုတ်လိုက်ပြီး ယင်ညန်၏ လည်ပင်းကို သိုင်းဖက်လိုက်ရသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now