Part 20

1.2K 222 1
                                    

20 01

အပိုင်း (၂၀) နတ်ဘုရားဖြစ်လာမည့် လမ်းစ

တစ်ဖက်လူမှာ အလွန်လူသိများ ကျော်ကြားသော အဖွဲ့ကြီးဖြစ်ကာ သူတို့အဖွဲ့သည် <Tomorrow>ဂိမ်း၏ ဆာဗာတိုင်းတွင် အဖွဲ့ဖွဲ့ထားရုံသာမက ဂိမ်းအတော်များများတွင်လည်း လွှမ်းမိုးမှုအားကောင်းသော အဖွဲ့ဖြစ်သည်။ သူတို့သည် အလုံးအရင်းလိုက် ဝယ်ယူတတ်ကြပြီး ဘာမှမဟုတ်သလို ငွေရှင်းတတ်ကြသည်။ သူတို့သည် ကုန်ပစ္စည်းလက်ထဲ ရောက်သည်နှင့် ကျန်းကျိရင်ကို ငွေတန်ချေခဲ့သည်။

ကျန်းကျိရင်အား အခြားသော ကုန်ကြမ်းပစ္စည်းများ ရလာလျှင် သူတို့အား အရင်ရောင်းရန် သဘောတူညီချက်တစ်ခု ပေးရန်လည်း ပြောခဲ့သည်။ ကျန်းကျိရင်သည် ပူပူနွေးနွေးရလိုက်သော ယွမ်ငါးထောင်ကို ကြည့်၍ လက်များပင် တုန်လာသည်။ ဤစီးပွားရေးငွေချေမှုတစ်ခုတည်းက ယခင်က ဂိမ်းထဲတွင် ရင်းနှီးမြှုပ်နှံခဲ့သော အချိန်များ ငွေများကို ပြန်ရလိုက်သလိုပင်။ ကျန်းကျိရင် ငွေချေပြီးသည်နှင့် သူ၏ နှင်းကျားသစ်ကြောင်မွှေးတို့ကို ဆိုင်တွင် ချိတ်လိုက်သည်။

နှင်းကျားသစ်ကြောင်မွှေးတို့က လက်သည်းလောက် လူကြိုက်မများသော်ညလ်း ၎င်းတို့ကို ရေခဲဒြပ်ခံ သို့ ရေဒြပ်ခံ ချပ်ဝတ်လှလှ လုပ်၍ရသည်။ ထို့ကြောင့် နှင်းကျားသစ်ကြောင်မွှေးတို့သည် အမျိုးသမီးစက်ချုပ်သူများ၏ သဘောကျနှစ်ခြိုက်မှုကို ခံရသည်။ နှင်းကျားသစ်ကြောင်မွှေးများအားလုံး ရောင်းထွက်သွားပြီး ငွေအမောင့်နည်းနည်းတိုးလာဖို့ သိပ်မကြာလိုက်ပေ။

ထို့နောက် ဆေးမီးဖိုကိုထုတ်၍ ဆေးဝါးများ သန့်စင်တော့သည်။ မွေးကင်းစ အိမ်မွေးတိရစ္ဆာန်များ ဖွံဖြိုးလာစေမည့် ဆေးလုံးများ ဖော်စပ်နေရင်း သူ၏ ဆေးဖော်စပ်ခြင်းစွမ်းရည်က Level 3 ရောက်သွားသည်။ ယခုတွင် Level 2 ပိုင်ဟော်ဆေးလုံးကို ဖော်စပ်လျှင် အောင်မြင်နိုင်မည့် ရာနှုန်းမှာ ခုနှစ်ဆယ်မှ ရှစ်ဆယ်အထိ ရှိနေပြီဖြစ်သည်။ ပုလင်းနှစ်ဆယ်လောက် ဖြည့်ပြီးသွားပြီးနောက် သူသည် ထိုဆေးများအားလုံးကို ဆိုင်တွင်တင်လိုက်ပြီး ခနလောက်နားလိုက်ကာ ဆက်သွားလေသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now