Part 74

263 26 0
                                    

အပိုင်း (74)

ကျန်းကျိရင်က မာအောင်းကို သွားတွေ့သည်။

မာအောင်းက သူ့ကိုကြည့်ပြီး မျက်မှန်ကို တစ်ချက် ပင့်တင်သည်။

"ငါမင်းပြောတဲ့အတိုင်း သွားကြည့်လိုက်တယ်၊ သူငါ့ကို တွေ့လိုက်တဲ့အချိန်မှာ သူ့မျက်လုံးထဲမှာရှိတဲ့အကြည့်ကို ငါကောင်းကောင်း နားလည်တယ်"

ကျန်းကျိရင်က ခေါင်းညိတ်လိုက်ပြီး ဘာမှဆက်မပြောတော့ချေ။ သူကိုယ်တိုင်ကလည်း ဒီအမျိုးသား၏ မျက်လုံးထဲမှ ဝမ်းနည်းမှုများကို မြင်နိုင်လေသည်။ ကမ္ဘာကပ်ဘေးကာလမှ ယူဆောင်လာခဲ့သည့် ခက်ခဲကြမ်းတမ်းမှုများကြောင့် သူတို့က ငြိမ်းချမ်းသော ဘဝ၊ မိသားစုနှင့် ချစ်ရသူများကို ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်တွင် အရာအားလုံးက ဂိမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောပြရန် သူ့အတွက် ခက်ခဲလေသည်။ ဂိမ်းအဖွဲ့က ဖန်တီးထားခဲ့ခြင်း ဖြစ်သလို ယင်ညန်က ဖန်တီးထားခြင်းဖြစ်ကြောင်း ပြောပြရန် ခက်ခဲ၏။ ဇာတ်ကောင်၏ ရှုထောင့်ဘက်မှ ပြုလုပ်ထားသော ရုပ်ရှင်များနှင့် ရုပ်မြင်သံကြားdramaများကို ကြည့်ရှုသည့်အချိန်တွင်ပင် ကြည့်ရှုသူများက ဇာတ်ကောင်၏ ရှုထောင့်ဘက်မှသာ ဝင်ကြည့်ကြသည်။ ထို့ကြောင့် သူ၏ လက်ရှိအခြေအနေကို ထည့်သွင်းရန် မလိုအပ်ချေ။

သူကိုယ်တိုင်ကလည်း ဖန်တီးသူများကို အကဲမဖြတ်နိုင်ချေ။ အရာအားလုံးကို ကောင်းသည့် ဦးတည်ရာဘက်သို့ ကူးပြောင်းသွားရန်သာ ကြိုးစားနိုင်လေသည်။ သူ၏ ဝင်ပါမှုကြောင့် သူ၏ အင်အားနည်းသောကြောင့် သူ၏ စိုးရမ်မှုများကြောင့် တစ်စုံတစ်ရာ ဖြစ်သွားမည့်အရေးကို စိုးရိမ်မိလေသည်။ သို့သော် ကံကောင်းစွာဖြင့် ယင်ညန်က သူနှင့်အတူ ရှိနေခဲ့သည်။

"မင်းကိုကူညီဖို့ တစ်ခုခုနဲ့ ပတ်သက်ပြီး ငါ့အကူအညီလိုလား"

ကျန်းကျိရင်က နှုတ်ခမ်းကို ကော့တက်စွာ ပြုံးလျက် ခေါင်းညိတ်သည်။

"အင်း"

မဟာမိတ် အစည်းဝေးပွဲက တစ်ပတ်ခန့် ကြာမည်ဖြစ်သည်။ ယခုက ၄ရက်မြောက်​ဖြစ်သည်။ ထို့ကြောင့် နောက်ခေါင်းဆောင်သစ်အား ဆုံးဖြတ်မည့် အရေးကြီးဆုံး ကာလလည်း ဖြစ်သည်။ ပထမ၃ရက်က ဒီတိုင်း တစ်ယောက်နဲ့တစ်ယောက် ကစားနေသလိုမျိုး ခြေစမ်းရုံသာ ဖြစ်နေလေသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now