Part 84

171 22 0
                                    

အပိုင်း (84)

ကျဆုံးခြင်းမြို့က မဟာမိတ်အဖွဲ့မှ ယခင်ခေါင်းဆောင်သေသွားသော နေရာဖြစ်သည်။ နာမည်အတိုင်း ဖြစ်နေ၏။ ၃နှစ်ခန့်ကြာပြီးသောအခါ ယွင်ချူကို အသင်းကို ဦးဆောင်စေသည်အထိ ဆွဲဆောင်နေသော တစ်စုံတစ်ရာ ရှိနေရပေမည်။

ဒီတစ်ကြိမ်တွင် ဒဏ်ရာရနေသော အဖွဲ့ဝင်များက မသက်သာသေးချေ။ ယွင်ချူကို သွားခေါ်သော ကိစ္စက အန္တရာယ်မများနိုင်ချေ။ ဒီနည်းအားဖြင့် သူတို့ကို ကုသချိန် ပိုရပေလိမ့်မည်။ ကျန်းကျိရင်က သာ့တောင့်၊ချန်ကွမ်းနှင့် အခြားသူများကို ကြိုဆိုသော အသင်းသို့ လွှတ်လိုက်ပြီး သူကမူ အဖိုးကြီးကျူးနှင့် အခြားသော ဒဏ်ရာမရသည့် အဖွဲ့ဝင်၅ယောက်ကို လမ်းရှင်းရန် ခေါ်သွားလိုက်သည်။

လူနည်းသော အခြေအနေ၏ အားသာချက်ကမူ တစ်သင်းနှင့်ပို၍လျင်မြန်စွာ တုံ့ပြန်နိုင်ခြင်းဖြစ်သည်။ ဒီနည်းအားဖြင့် သူတို့က သူတို့ကိုယ်သူတို့ ပို၍လွယ်ကူစွာ ဖုံးကွယ်နိုင်ပေလိမ့်မည်။ ယွင်ချူက သူတို့က မည်သည့်အရာများကို ရှင်းလင်းသင့်ကြောင်း မပြောကြားထားပေ။ ထို့ကြောင့် ကျန်းကျိရင်ကလည်း အသင်းကြီးကမရောက်လာခင် ဖုတ်ကောင်များနှင့် တိုက်ခိုက်ပြီး မသေချင်သေးချေ။ သူက ဒီအတိုင်း ယေဘူယျအခြေအနေကိုသာ သိချင်နေပြီး ထိုအတိုင်းပြန်ပြီး သတင်းပို့လိုက်သည်။

ကားထဲသို့ ရောက်သောအခါ အသင်းကို ညွှန်ကြားပြီးသည့်နောက် အိပ်ချင်လာသဖြင့် ထိုင်ခုံပေါ်တွင် မှီလိုက်ရင်း အိပ်မောကျသွားသည်။

အခြားတစ်ဖက်တွင် ကျန်းကျိရင်က အစစ်အမှန်လောကသို့ ပြန်ရောက်လာသည်။ သူက ဆိုဖာပေါ်တွင် ထထိုင်လိုက်ပြီး အိပ်ပျော်နေသေးသည် ယဲ့ရှောင်းရှန်းကို ညင်သာစွာဖြင့် အသာချပေးလိုက်ကာ စာကြည့်ခန်းထဲသို့ဝင်ပြီး ကွန်ပျူတာကို ဖွင့်သည်။ သူ၏ မှတ်စုဟောင်းက ခရီးဆောင်အိတ်ထဲတွင် ရှိနေသေးသဖြင့် သူက ထုတ်ရန်ပျင်းလွန်းနေ၏။ ထိုကွန်ပျူတာက သူတို့အိမ်အသစ်သို့ ပြောင်းပြီးနောက် သူတို့ဝယ်ထားသည့် deskstopကွန်ပျူတာဖြစ်သည်။ ပုံမှန်အားဖြင့် ခေါင်းဆောင်ကသာ အသုံးပြုတတ်သည်။ ထိုကွန်ပျူတာကလည်း သူ့ကို လူသားပိုဆန်စေရုံကလွဲပြီး အများကြီးမကူညီပေးနိုင်ချေ။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now