Part 63

571 70 0
                                    

63 01

အပိုင်း (63)

ကျန်းကျီကလည်း ရင်နင်ရန်၏ အပြင်ထွက်ပြီး အလုပ်လုပ်မည့်အချက်ကို အလွန်ပင် ထောက်ခံသည်။ မည်သို့ပင်ဆိုစေ ပိုက်ဆံရှာခြင်းက ဒုတိယမြောက်ဖြစ်ပြီး အပြင်သို့ထွက်ကာ လူ့အသိုင်းအဝိုင်းထဲသို့ ဝင်ပြီး အတက်အသွယ်လုပ်နိုင်ခြင်းက အရေးကြီးဆုံး အချက်တစ်ချက်ဖြစ်သည်။

သို့ရာတွင် သူကလည်း အိမ်တွင်သာအမြဲတစေ နေတတ်သည့် သူဌေးတစ်ယောက် ကာရိုက်တာမျိုး ရှိသောသူမျိုးက အလုပ်လုပ်မည့်ကိစ္စနှင့် ပတ်သက်သည့်အကျိုးဆက်ကို စိုးရိမ်နေသေးသည်။ ဥပမာအားဖြင့် ရုပ်ရှင်များတွင် ပြထားသလိုမျိုး Aတိုင်းပြည်၏ နည်းပညာမြင့် အေဂျင်စီမှ အေးဂျင့်များနည်းတူ အိမ်အတွင်းသို့ဝင်ကာ သူနှင့်သူဌေးကို ပြန်ပေးဆွဲသော ကိစ္စမျိုးဖြစ်သည်။

ကျန်းကျီရင်ကလည်း ရင်နင်ရန်က သူကိုယ်တိုင်အလုပ်ရှာမည့် အ​ရေးကို စိတ်မအေးနိုင်သောကြောင့် သူဌေးအတွက် သင့်တော်သောအလုပ်ကို အတူလိုက်ရှာပေးသည်။

"ပေကျင်း 123 အချစ်ပုံပြင်များ မူလ networkနည်းပညာကုမ္ပဏီလိမီတက်က ကာစတမ်မာဆားဗစ် အထူးပြုသူတွေကို နှစ်စဥ် ပိတ်ရက်၊ ဆိုရှယ်အာမခံ ၅ခု၊ အိမ်စရိတ်ကြေးနှင့် နှစ်ကုန်၂ကြိမ်လခပေးတဲ့ ပုံစံနှုန်းထားဖြင့် ငှားရမ်းနေပါတယ်"

ကျန်းကျီရင်က လိုအပ်ချက်များကို ကြည့်လ်ိုက်ပြီးနောက် ကောင်းမွန်သည်ဟု ခံစားရသည်။

အောက်ဘက်တွင်လည်း 123 အချစ်ပုံပြင်များဂိမ်းနည်းတူ မြို့၏ ဆားဗစ်ဆိုင်ရာ ကုမ္ပဏီ ဆားဗစ်ဝင်ဆောင်မှုများ ရှိနေသေးသည်။ သို့သော်ဒါက ဂိမ်း၏ ကမ်စတမ်မာဆားဗစ် မဟုတ်ချေ။ ထို့ကြောင့် အလုပ်များက သိပ်မများလောက်ချေ။ ထို့အပြင် စာအုပ်အများစုကလည်း နူးညံ့ကာ စိတ်ထားကောင်းပြီး ချစ်စရာ ကျဲကျဲများသာ ဖတ်တတ်သော ပုံစံများဖြစ်နေသည်။ ထို့ကြောင့် စကားပြောရလွယ်ပြီး လုံခြုံလောက်သည်။

ရင်နင်ရန်ကလည်း အလုပ်အတွက် လိုအပ်ချက်မျိုးရှိသည်။ ထို့ကြောင့် သူက နာခံစွာဖြင့် 123 အချစ်ပုံပြင်များသို့ သွားလိုက်ပြီး ကမ်တမ်မာဆားဗစ်အတွက် တောင်းဆိုခဲ့သည်။ သူက weiboအကောင့်ဖြစ်သည့် 123 အချစ်ပုံပြင်များ ကမ်စတမ်မာဆားဗစ်ဆိုသည့် အကောင့်ကို စီမံခန့်ခွဲရမည်ဖြစ်သည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now