Part 24

1.1K 195 1
                                    

24 01

အပိုင်း (၂၄) အိပ်မက်

ကျန်းကျိရင် ရပ်နေသော အမျိုးသားနားသို့ တစ်လှမ်းချင်း တိုးသွားသည်။ မသိလျှင် ကမ္ဘာပေါ်တွင် သူတို့နှစ်ယောက်သာ ရှိတော့သလိုမျိုး ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်လွန်းမက တိတ်ဆိတ်နေသည်။ သူ သူ့နောက်သို့ ရောက်သောအခါတွင်လည်း ထိုလူက တိတ်ဆိတ်စွာ ရပ်နေဆဲပင်။

စကားသံတို့ကင်းမဲ့နေပြီး တိတ်ဆိတ်နေသည်။ အမြဲတမ်း ဤသို့သာ ရှိနေပုံမျိုးဖြင့် စကားတစ်ခွန်းမှ မပြောဘဲ ငြိမ်သက်နေလေသည်။ ကျန်းကျိရင် ထိုလူ၏ ခါးပေါ်သို့ သူ့လက်များကို ညင်သာစွာ တင်လိုက်ကာ ထိုလူ၏ ကျောပြင်ပေါ်သို့ ပါးအပ်လိုက်သည်။ ထို့နောက် တိုးဖွဖွ ရေရွတ်မိသည်က

"ယင်ညန်..."

သူ့နှုတ်လျှာတို့မှ ကြိမ်ဖန်များစွာ တမ်းတရေရွတ်ခဲ့ရပါသော အမည်နာမကို နောက်ဆုံးတော့ တကယ့်အသံအစစ်ဖြင့် ထုတ်ခေါ်နိုင်ခဲ့လေပြီ။

ယင်ညန် တည်တံ့စွာပင် လှည့်ကြည့်သည်။ မည်သည့် ခံစားချက်လှိုင်းတို့မှ ထင်ဟပ်မနေသော မျက်ဝန်းနက်များဖြင့် မျက်စိရှေ့မှ လူသားလေးကို ငုံ့ကြည့်သည်။

ကျန်းကျိရင် ရုတ်တရက် လန့်သွားသည်။

သူ့ရှေ့မှ ပုဂ္ဂိုလ်သည်......... တကယ့် ယင်ညန်ဖြစ်နေသည်။ အမှန်တကယ် တည်ရှိနေသော အမှန်တကယ် အသက်ရှူနေသော သာမန်လူများကဲ့သို့ နှလုံးခုန်နေသော ယင်ညန်ဖြစ်သည်။ သူအလွန်ထိတ်လန့်သွားပြီး လက်ကို ဖြုတ်ချလိုက်ချင်သည်။ သို့သော် တစ်ဖက်လူက သူ့ကို တင်းကျပ်စွာ ပြန်လည်ဖက်တွယ်လာသည်။

ယင်ညန် သူ၏ ဘယ်ဘက်လက်ကို ကျန်းကျိရင် နောက်ကျောတွင်ထားလိုက်ပြီး တစ်ဖက်က ကျန်းကျိရင်၏ လက်တို့ကို မလှုပ်နိုင်အောင်ထိန်းထားသည်။ သူ၏ ညာလက်ကို ကောင်လေးမျက်နှာရှေ့သို့ ရောက်သည်အထိ မြှောက်၍ မျက်နှာကို နူးညံ့စွာ ထိတွေ့သည်။

"ကျိရင်.,.."

သူ့အသံသည် အလွန်တိုးလျပြီး အစစ်အမှန်မဟုတ်သော တစ်စုံတစ်ရာက သူ့မျက်ဝန်းများထဲ ထင်ဟပ်လာသည်။ ထိုအခိုက်အတန့်တွင် ကျန်းကျိရင်သည် သူ၏ လှုပ်ရှားနိုင်စွမ်းများ ပျောက်ပျက်သွားသလို ခံစားလိုက်ရပြီး ထိုသူကို ငေးစိုက်ကြည့်နေမိတော့သည်။ လှုပ်ရှားနိုင်ပြီး စကားလည်း ပြောနိုင်လာသော ဒေါက်တာဝိုင်နှင့် တွေ့လိုက်သည့် အခိုက်အတန့်တွင် ရုတ်တရက် မည်သို့ တုံ့ပြန်ရမှန်း မသိတော့သလို ဖြစ်သွားသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now