Part 7

1.5K 296 8
                                    

Unicode
အပိုင်း (၇) ဘေးလွတ်ရာကို ထွက်ပြီ 

ကျန်းကျိရင် ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး Item Storeကို ဖွင့်လိုက်ကာ သူအရင်းနှီးဆုံးသော ရေခဲစွမ်းအားကို ဝယ်လိုက်သည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံး ထုံကျဉ်သွားပြီး ပျော့ခွေသွားသလို ဖြစ်သွားကာ တိကျမှုစွမ်းရည်ကိုယ်စားပြု မီးခိုးဖျော့ရောင် အမှတ်ကလေးက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ ထို့နောက် ခပ်ဖျော့ဖျော့ ရေခဲပြာရောင်ကို မီးခိုးရောင်ခပ်ပါးပါး သမ်းနေသော အမှတ်လေးတစ်ခု ထိုနေရာတွင် ပေါ်ထွက်လာသည်။ 

သူ၏ ဂိမ်းထဲမှ စွမ်းရည်ကို ကျန်းကျိရင် စမ်းကြည့်သည်။ ဖောက်ထွင်းမြင်ရအောင် ကြည်လင်နေသော ရေခဲလုံးလေး တစ်လုံးက သူ့လက်ချောင်းများထက်တွင် မြူတို့ဝိုင်းရံပြီး ပေါ်ထွက်လာသည်။ ၎င်းရေခဲလုံးလေးသည် အလွန်သေးငယ်ပြီး လက်ဖဝါးထဲ ဖိဆုပ်လိုက်သည်နှင့် အရည်ပျော်သွားနိုင်ကာ အပိုင်းပိုင်း ကွဲကြေသွားလောက်အောင်လည်း နူးညံ့နေသေးသည်။ 

သို့သော် ဤတစ်စတစ်စ အားကောင်းလာနိုင်သော စွမ်းအားကလေးကသာလျှင် ဤထူးဆန်းသော လောကကြီးတွင် သူ၏ မှီခိုရာ ဖြစ်လာပေလိမ့်မည်။ အစ်မလန်သည် သူတို့အားလုံးကို ထွက်ခွာမည့်အကြောင်း တရားဝင်ကြေငြာချက်ထုတ်ပြီးသည်နှင့် သူတို့နှင့် လိုက်လံထွက်ခွာမည့်သူများကို စာရင်းလာပေးရန် ခေါ်ခဲ့ကာ အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။ 

M မြို့တော် သည် ကြီးသည်လည်းမဟုတ် ငယ်သည်လည်း မဟုတ်သော အလယ်အလတ် မြို့တစ်မြို့ဖြစ်သည်။ မြို့တော်ထဲတွင် လိဟွားရှော့ပင်းမောလ်ကဲ့သို့ အသက်ရှင်ကျန်ရစ်သူများအတွက် ဘေးကင်းရေးဇုံကြီး သုံးခု ရှိလေသည်။ ထိုအထဲတွင် အုပ်စုသေးများ တစ်ဆယ့်ခုနှစ်အုပ်စု တစ်ဆယ့်ရှစ်အုပ်စုလောက် ရှိကြပြီး အချင်းချင်း အဆက်အသွယ်များလည်း ရှိကြသေးသည်။ 

ထွက်ခွာမည့် အကြောင်းကို ဘေးကင်းရေးဇုံကြီး သုံးခုမှ ဆွေးနွေး၍ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကာ အဖွဲ့သုံးဖွဲ့ခွဲ၍ ထွက်ခွဦမည်ဖြစ်သည်။ ထို့အပြင် ထွက်ခွာခြင်းသည် အလွန်ဝန်ကျယ်မည်ဖြစ်သောကြောင့် သေချာ အချိန်ယူဆွေးနွေးခဲ့ကြရသည်ဟုလည်း ဆိုသေးသည်။ 

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Wo Geschichten leben. Entdecke jetzt