Part 31

1.1K 193 0
                                    

31 01

အပိုင်း (၃၁) အသွင်ပြောင်းခြင်း

သို့နင့် ကျန်းကျိရင်နှင့် ဤနေရာသို့ နောက်မှရောက်လာကြသော ကျန်သူများအားလုံးတို့သည် အဖွဲ့နှစ်ကို ဖြေရှင်းနိုင်မည့် အခွင့်အရေးမရခင်အထိ သည်းခံ၍သာ ဆက်နေကြသည်၊ မကြာခင်တွင် သူတို့နှစ်သင်းလုံးကို အတူလုပ်ရမည့် တာဝန်တစ်ခု ချပေးခဲ့သည်။ တာဝန်မှာ မြောက်ဘက်တွင် စခန်းမှ အသစ်ရှာတွေ့ထားသော မြေအောက်စွန့်ပစ်ဓာတ်ခွဲခန်းကို သွား၍ လေ့လာရှင်းလင်းရန် ဖြစ်သည်။

မွန်းစတားများနှင့် အန္တာရာယ်နယ်မြေ အများစုမှာ ဂိမ်းထဲတွင် ဤသို့သော စွန့်ပစ်ဓာတ်ခွဲခန်းများမှ ထွက်လာကြခြင်းဖြစ်သည်။ ဂိမ်း၏ အချိန်တို့က ယခုတကယ့်ကမ္ဘာအစစ်နှင့် မတူသည့်အလျောက် ကျန်းကျိရင်သည် ယခုသွားမည့်နေရာမှ ဂိမ်းမှ ပေးသော နယ်မြေဟုတ်မဟုတ် မသေချာပေ။

ကမ္ဘာကြီး၏ အဆုံးသတ်တွင် နေ့ရက်တိုင်းသည် ပြဿနာပေါင်းသောင်းခြောက်ထောင်နှင့် ကြုံနေရပြီး အဆိုးဆုံးမှာ ချက်ချင်းမဖြေရှင်းလျှင် မဖြစ်သည့် ပဟေဠိများက ပေါ်ပေါ်လာတတ်ခြင်းဖြစ်သည်။ လူတိုင်းသည် နယ်မြေများကို ဖြေရှင်းဖော်ထုတ်ဖို့ အားသန်ကြသည်။ မျှော်လင့်ချက်အခြေစိုက်စခန်းကဲ့သို့ အခြေစိုက်စခန်းကြီးများတွင် ကိုယ်ပိုင် သုတေသနဌာနများ ရှိကြသည်။

ဤမတိုင်မှီက ဓာတ်ခွဲခန်းအတွင်းရှိ ဇွန်ဘီအများစုကို ရှင်းလင်းရန် အဖွဲ့နှစ်ကို စေလွတ်ခဲ့သည်။ ကျန်းကျိရင်သည်လည်း ပုန်းကွယ်နေသော အန္တာရာယ်ရှိမရှိ သွား၍ စစ်ဆေးရသည်။ ဇွန်ဘီများနှင့် အန္တာရာယ်များကို ပြည့်ပြည့်ဝဝ ဖြေရှင်းပြီးကာမှသာ သုတေသနပညာရှင်များက ဓာတ်ခွဲခန်းအတွင်းသို့ ဝင်ရောက်ပြီး တန်ဖိုးရှိသော အချက်အလက်များနှင့် စာရွက်စာတမ်းများကို အန္တာရာယ်ကင်းကင်း ယူဆောင်နိုင်မည်ဖြစ်သည်။

ဓာတ်ခွဲခန်းကို မြေအောက်ထဲတွင် တည်ဆောက်ထားပြီး ဝင်ပေါက်မှာ တက္ကသိုလ်တစ်ခု၏ သာမန် အုပ်ချုပ်ရေးရုံးခန်းအဖြစ် ဖုန်းကွယ်ထားသည်။ ကျန်းကျိရင်သည် ဤဖွံ့ဖြိုးတိုးတက်လာသည့် ဇာတ်ကြောင်းကို ခပ်ပါးပါး ရင်းနှီးနေသလိုလိုရှိသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now