Part 59

590 102 0
                                    

အပိုင်း (၅၉)

အလုပ်ချိန်စသည်နှင့် သူတို့ရုံးခန်းသို့ ဖောက်သည်တစ်ယောက် ရောက်လာသည်။ ဤဖောက်သည် သည် နဂိုက ရှောင်လီ၏ ဖောက်သည်ဖြစ်သော်လည်း ဖောက်သည်၏ လုပ်ငန်းစဉ်တွင် အဆင်မပြေမှု တစ်စုံတစ်ခု ကြီးကြီးမားမား ကြုံတွေ့ခဲ့ပုံပေါ်သည်။ ထို့ကြောင့်လည်း ဤဖောက်သည်ကား အလုပ်အပ်ပြီးသည့်တိုင် သူတို့ရုံးခန်းသို့ နောက်တစ်ကြိမ် ပြန်ရောက်လာခြင်း ဖြစ်ပေမည်။

ရှောင်လီသည် ယခု ရုံးခန်းတွင် ရှိမနေပေ။ ထို့အပြင် ရုံးတာဝန်ခံကလည်း မရောက်သေးပေ။ အခြားသော လက်ထောက်များကလည်း ဓားခုတ်ရာ လက်မလျှိုရဲကြပေ။ အဆုံးတွင် မည်သူကမှ ရေနှောက်ထဲသို့ ကိုယ့်ဆန္ဒနှင့်ကိုယ် ဆင်းကြမှာ မဟုတ်ပေ။

ကျန်းကျိရင်သည် အစောပိုင်းတုန်းက ဤအလုပ်၏ ကုန်ကြမ်းများ အချက်အလက်များကို သူကိုင်တွယ်ခဲ့ခြင်းဖြစ်ကြောင်း သတိရသွားသည်။ ဘော့စ်က သူ့ကို ဤအလုပ်ကို သေချာစွာ လုပ်ခိုင်းပြီး ရာထူးတိုးမည့် အခွင့်အရေးပေးခဲ့သော်လည်း နောက်ပိုင်းတွင် ရှောင်လီက သူ့ထံမှ ဤအခွင့်အရေးကို လုယူသွားခဲ့သည်။ သို့သော် သူလုပ်ခဲ့သော စာရွက်စာတမ်းများကလည်း အများကြီးရှိသည်မို့ ဤအလုပ်ကို သူကောင်းကောင်းနားလည်သည်။ တစ်စထက်တစ်စ ပို၍ ဒေါသထွက်လာပုံပေါ်သော ဆိုဖာပေါ်တွင် ထိုင်နေသည့် ဖောက်သည်ကို ကြည့်၍ သူ့တွင် ရွေးချယ်စရာ မရှိတော့သလို သက်ပြင်းချ၍ အနားသွားပြီး ယဉ်ကျေးစွာပြောလိုက်သည်။

"မင်္ဂလာပါ လူကြီးမင်း ဘာပြဿနာများရှိလို့ပါလဲဗျ"

ဖောက်သည်သည် သူ့ရှေ့တွင်လာရပ်သော လူငယ်လေးကို မြင်လိုက်သည်။

သူသည် လူပေါင်းများစွာနှင့် တွေ့ဆုံဖူးသူဖြစ်ပြီး လူကဲခတ်တော်သူအဖြစ် သူ့ကိုယ်သူ လက်ခံထားသည်။ ဤလူငယ်လေးကို မြင်ချိန်တွင် ဘာကိုမှ မပြောလိုက်ရသေးခင်မှာပင် သူ၏ စိတ်အခြေအနေက ပြောင်းလဲနေပြီးဖြစ်သည်။

ကျန်းကျိရင်သည် <Tomorrow> ကမ္ဘာကြီးတွင် နေထိုင်လုပ်ကိုင်ခဲ့သည်မှာ နှစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။ လက်ရှိတွင်လည်း လျှပ်စီးတပ်ခွဲ၏ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေခဲ့သည်။ ကြမ်းတမ်းသော အတွေ့အကြုံများစွာ ကြုံတွေ့ခဲ့ရပြီးနောက် ကျန်းကျိရင်၏ စိတ်အခြေအနေနှင့် အပြုအမူတို့က သာမန်ရုံးဝန်ထမ်း တစ်ယောက်နှင့် အလွန်ကို ကွဲပြားခဲ့ပြီးဖြစ်သည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now