Part 94

164 26 0
                                    

94 01

အပိုင်း (94)

ကျန်းကျိရင်ကို စိတ်အခြေအနေမကောင်းကြောင်း ထင်မိသောလူက တစ်ယောက်ထက် ပိုသည်။

တာ့ကျားက ညစာစားရန် ကျန်းကျိရင်၏အိမ်သို့ ရောက်လာသောအခါ ထမင်းစား စားပွဲတွင် တင်ထားသည့် အရုပ်ကို တွေ့လိုက်ရပြီး ကျန်းကျိရင်ဆိုသည့် ကံဆိုးရှာသော ကလေး၏ စိတ်အခြေအနေက ဆိုးဝါးသထက် ဆိုးဝါးလာကြောင်း သိလိုက်သည်။

တာ့ကျားဟာ ယင်ညန်နှင့် ပတ်သက်သော ကိစ္စများအကြောင်း တာ့ယီထံမှ သိထားပြီးသား ​ဖြစ်သည်။ သို့ရာတွင် သာမန်လူတစ်ယောက်အနေနှင့် ဘာပြောသင့်မှန်း မသိတော့ချေ။

သူပြောနိုင်သည့် တစ်ခုတည်းသော အရာက "ဒါက ပုံမှန်ပါပဲ၊ ဒါက ပုံမှန်ပါပဲ"ဟု သူ့ကိုယ်သူ ရေရွတ်နေခြင်းသာ ဖြစ်နေသည်။

ဆိုရိုးစကားအတိုင်း"ပြဒါးရိုင်း ကိုင်တဲ့လက်က ကြီးတယ်၊ မှင်သုံးပြီး အလုပ်လုပ်ရတဲ့ လက်တွေက မည်းတတ်တယ်" ဆိုသည့်အတိုင်း ထိုကဲ့သို့ အရူးဟု ထင်ရသော လူတစ်ယောက်နှင့် ရင်းနှီးချင်လျှင် အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ် မရူးအောင် ကြိုးစား၍ ပြင်ဆင်ထားသင့်သေးသည်။

တာ့ကျားက ပျော်ရွှင်မှုအပြည့်ဖြင့် ကြီးပျင်းလာရခြင်း ဖြစ်သည်။ သူ့တွင် အားသာသော အခြေအနေမျိုး မရှိကောင်း မရှိလောက်သော်လည်း သူဟာ စိတ်သဘောထား ပွင့်လင်းပြီး အခြေအနေနှင့် လျင်မြန်စွာ ကျင့်သားရအောင် နေတတ်လေသည်။ သူက ပါးစပ်အပြည့် ထမင်း၂လုပ်ခန့်စားပြီးနောက် မျက်စိရှေ့မှ အခြေအနေကို ကျင့်သားရသွားသည်။ ပို၍ ဆိုးသည်မှာ သူဟာ လက်ဆန့်ထုတ်ပြီး ဘေးနားတွင်ထိုင်နေသည့် အစစ်နှင့် တူလွန်းသော အရုပ်ကို လှမ်းထိမိသေးသည်။

သူက ခပ်တိုးတိုးပင် ရေရွတ်လိုက်မိသေးသည်။

"ဒါကို ဘာ်လိုပစ္စည်းမျိုးနဲ့ လုပ်ထားတာလဲ၊ တကယ့် လူအစစ်တိုင်းပဲ"

ကျန်းကျိရင်က သူ၏လက်ကို အချိန်မီ ဖြတ်ရိုက်သည်။

"ပြုတ်ကျသွားမယ်"

တာ့ကျားက လက်ကို ပြန်ရုတ်လိုက်ပြီး ခေါင်းကို ငုံ့သည်။ သူက သူ၏ အစာကို သုန်မှုန်စွာ ဆက်စားနေပြီး ကျန်းကျိရင်ကို စူးကြည့်လိုက်သည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now