Part 25

1.1K 202 2
                                    

25 01

အပိုင်း (၂၅) တိုက်ပွဲ

တည်တံနေသော မျက်နှာထားကို ထိန်းထားနိုင်ဆဲဖြစ်သော ကပ္ပတိန် ငြိမ်သက်နေသည်မှာ တစ်စုံတစ်ခုကို စဉ်းစားနေ၍ ဖြစ်သည်ကို အားလုံး သတိထားမိသည်။ ရုတ်တရက် ကျန်းကျိရင် ထရပ်လိုက်ပြီး လက်ကို ယမ်းပြလိုက်ကာ

"ကျွန်တော့်နောက်က လိုက်ထွက်ခဲ့ကြ"

အပြင်ဘက်မှ ကြည့်လိုက်သောအခါ ပြိုကျလုလု အဆောက်အဦးက ပို၍ စုတ်ပြတ်နေလေသည်။ နံရံများသည် မူလက အရောင်ပင် မပေါ်တော့အောင် အိုဟောင်းနေပြီး တစ်ချို့နေရာများတွင်ဆိုလျှင် အုတ်ကျိုးအုတ်ပဲ့များပင် မြင်နေရသည်။ ပြတင်းပေါက်များက ကျိုးနေပြီး အပြင်ဘက်သို့ တစ်ဝက်ကျနေသည်။

လူတစ်ချို့က ပြောကြသည်။ ဗိသုကာပညာမှာ အသက်ရှိတယ်တဲ့ လူသားချင်းစာနာမှုကလည်း ဗိသုကာပညာရဲ့ အသက်ဝိဉာဉ်လိုပဲတဲ့...

မတူညီသော လူများက ဗိသုကာအဆောက်အအုံများတွင် နေထိုင်ကြပြီး ၎င်းတို့တွင် မတူညီသော ဝိဉာဉ်များရှိကြသည်။ သခင်များစွာကို ပိုင်ဆိုင်ဖူးသော အဆောက်အဦးများတော့ အဆိုးအကောင်းပိုင်းခြားနိုင်သော ဉာဏ်ပညာကို ဆုပ်ကိုင်ထားနိုင်ကြဟန် တူသည်။

ကမ္ဘာပျက်ကပ်ဆိုက်ပြီးနောက် အဆောက်အဦးများသည်လည်း မူလအရှင်သခင်များကို ဆုံးရှုံးလိုက်ကြရသည်။ ဝိဉာဉ်နှင့် အသွေးအသားများမရှိတော့သော ဇွန်ဘီများကဲ့သို့ပင် သူတို့သည်လည်း တဖြည်းဖြည်းနှင့် ဆွေးမြေ့လာကြသည်။

ဤနေရာသည် အခြေစိုက်စခန်းနှင့် သိပ်မဝေးပေ။ မကြာခင်တွင် ထောက်ပံ့ရေးအဖွဲ့က သူတို့လိုအပ်သည့်ပစ္စည်းများကို အခြေစိုက်စခန်းမှ ပြန်ယူပြီး ပြန်လာကြမည်ဖြစ်သည်။ ကျန်းကျိရင် တစ်ခေါက်လောက် စစ်ဆေးကြည့်လိုက်ပြီး ခေါင်းညိတ်သည်။ သူ၏ ဘယ်ဘက်လက်ကို မြှောက်၍ အောက်ချထားရန် လက်ဟန်ပြသည်။

ဖြိုချခြင်းအခမ်းအနား တရားဝင် စတင်ပါပြီ

အခြေစ်ိုက်စခန်းမှ ယူလာသော ပစ္စည်းများသည် လှေကားတစ်ခုကဲ့သို့ ပစ္စည်းနှင့် စစ်ပွဲများတွင်သုံးသော အမြှောက်ကဲ့သို့ လွှဲရိုက်ရသည့် အရာမျိုးဖြစ်သည်။ စခန်းတိုင်းက ဤပစ္စည်းများကို ဇွန်ဘီအုပ်ကြီး ဝင်ရောက်တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် ဆောင်ထားကြသည်။ ယခု အရေးကြီးအခိုက်အတန့်တွင် ဤပစ္စည်းများကို အသုံးချရန် ယူလာရပြီဖြစ်သည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now