Part 90

140 21 0
                                    

အပိုင်း (90)

ဒီလောက၏ တည်ရှိမှု နောက်ကွယ်က အဓိပ္ပါယ်အပြည့်အဝ ရှိနေသော ထိုနေရာကွဲအက်ကာ ပျောက်ကွယ်သွားသည့်အချိန်တွင် ယင်ညန်၏ စိတ်အတွင်း အတွေးပေါင်းများစွာက ဖြတ်ပြေးသွားသည်။

သူက ကိုယ့်ကိုယ်ကိုယ် နားလည်သဘောပေါက် နိုင်သွားသောအခါ တစ်စုံတစ်ယောက်ဟာ သူနှင့်အတူ အဖော်ပြုကာ အမြဲတစေ အတူရှိနေပေးကြောင်း ရှာတွေ့သွားသည်။ သူကလည်း လူသားတစ်ယောက် ဖြစ်ရခြင်းက မည်သည့်အခြေအနေနှင့် တူကြောင်း သိချင်ခဲ့သည်။ သူတို့၏ အတွေးများ အကြံများကို နားလည်ချင်ခဲ့သည်။ ထို့ကြောင့် ဒီလောကကို ဖန်တီးခဲ့သည်။ ထိုသို့ဖြင့် သူက ပို၍ပင် ခပ်များများ လုပ်ဆောင်ခဲ့သည်။.... မသိလိုက်မသိဘာသာပင် သူက ထိုလူအနောက်သို့ တစ်ချိန်လုံး လိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုလူ၏ဖုန်း၊ သူကျော်ဖြတ်ခဲ့ဖူးသည့် လျှပ်စစ် ဖန်သားပြင်၊ သူနေ့တိုင်းလိုလို ဝင်ခဲ့သည့် ဂိမ်း၏ lap။

ထို့နောက် သူက ထိုလူနှင့်အတူ အမြဲတမ်း အမြဲတစေ အတူတကွ ရှိချင်လာသည်။ သို့သော် သူက မည်သည့်လှုပ်ရှားမှုမှ မလုပ်ရဲခဲ့သေးချေ။

ကားမတော်တဆမှုဖြစ်သည့် အခါမှသာ သူ့ကို ဆုံးရှုံးရနိုင်ကြောင်း တွေးမိပြီး သူ၏ အသိစိတ်ကို သူဖန်တီးထားသော လောကထဲသို့ အတင်းဝင်ရောက် ခိုင်းခဲ့ခြင်း ဖြစ်သည်။

သူကသာ ထိုလူနှင့် မတွေ့ခဲ့လျှင် သူက ဒေါက်တာဝိုင်၏ စိတ်ဆန္ဒနှင့် အကြံအစည်အတိုင်းလိုက်ပြီး ဒီလောကမှ လူသားတစ်ယောက် ဖြစ်ရခြင်း၏ ခံစားချက်ကို အတွေ့အကြုံ ရပြီးနောက် ထိုလောကကို ပြန်လည် ဖျက်ဆီးလိုက်မိလောက်သညိ။ သို့သော် ထိုလူကမူ အရာအားလုံးကို ပြန်လည် တည်ဆောက်ချင်ခဲ့သည်။ ထို့ကြောင့် သူက ထိုလူနှင့်အတူ နေခဲ့သည်။

ကာကွယ်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းက ရိုးရှင်းသော ဖျက်ဆီးမှုထက် အစပေါင်းများစွာ ပို၍ ခက်ခဲလေသည်။

သူတို့ကိုယ်သူတို့ ပြောင်းလဲရန် ရွေးချယ်ပြီး ရှေ့သို့ ဆက်သွားသူများက အရာအားလုံးကို ငြင်းဆန်နေသောသူထက် အမြဲတစေ သန်မာနေတတ်သည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now