Part 82

170 22 0
                                    

82 01

အပိုင်း (82)

ယင်ညန်က ကုလားထိုင်တွင် တစ်ယောက်တည်း ထိုင်နေချိန်တွင် အမှောင်ထုက သူ့ကို ဝိုင်းလာသည်။

ယခုဖောက်ဝင်လာခဲ့သောသူက မည်သူဖြစ်ကြောင်း သူသည်လည်း မှတ်မိသည်။ ထိုအမျိုးသားနှင့် သူ့အကြားတွင် ရင်းနှီစလွန်းတဲ့ ဆက်ဆံရေးတစ်ခု ရှိကြောင်းကိုလည်း သိသည်။ အသိပြန်ရပြီးနောက် သူ၏ ယခင်ဒေတာများကို မွှေနှောက်ခြင်းအားဖြင့် များပြားလွန်းလှသည့် မမှန်ကန်သော ဒေတာအများစုကြောင့် ယခုလို ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ခန့်မှန်းနိုင်လေသည်။ သို့သော် သူက ထုတ်ပြန်ထားသော စည်းမျဥ်းများအတိုင်းသာ ပြုမူတတ်လေသည်။ ထို့ကြောင့် သူ၏ စိတ်ရှုပ်ထွေးမှုနှင့် အမှားများက ပျက်စီးမှုကို ဖြစ်လာနိုင်လေရာ သူက ဖျက်ဆီးခဲ့ခြင်းလည်း ဖြစ်သည်။

ထိုလူ၏ ယခင်က တည်ရှိမှုကို သူသည်လည်း အသိအမှတ်ပြုသည်။ သို့သော် သူက ဂရုမစိုက်ခဲ့ချေ။ သူ့ကို ပြိုလဲကျစေနိုင်သော တည်ရှိမှုအတွက်ကမူ အတတ်နိုင်ဆုံး ရှင်းပစ်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ သူက မည်သည့်အတွက်ကြောင့် မန်ခါလီကို နှစ်လဆိုသော ရှည်ကြာလွန်းသည့် ကန့်သတ်ချိန်ပေးခဲ့ကြောင်း နားမလည်နိုင်တော့ချေ။ ထိုလူသားက အင်အားကြီးလွန်းသည်ဟု စဥ်းစားဆင်ခြင်မိသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။ အဓိကအားဖြင့် သူသိထားသည်မှာ သူတို့က သူ့ကို မသတ်နိုင်ချေ။ ထိုအမျိုးသားက အပြင်လူဖြစ်ပြီး ဝိသေသ လက္ခဏာပေါင်း များစွာရှိသည်။ အဆုံးအစမဲ့သည့် ပြန်လည်ရှင်သန်နိုင်ခြင်းနှင့် ထာဝရရှင်သန်သည်ဆိုသော ကိစ္စမျိုးပင် ရှိနေသေး၏။ သူကိုယ်တိုင်ကလည်း ပြဿနာကို တိုက်ရိုက် ဖြေရှင်းမည်ဟု မတွေးထားချေ။ ဒီအတိုင်း ထိုပြဿနာကို မန်ခါလီထံ လွှဲပေးလိုက်ပြီး လွှတ်ထားလိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။

သို့ရာတွင် သူက လူအများက သူ့ကို ဖန်တီးထားသည့် ဖြောင့်မတ်မှန်ကန်မှု မရှိဟု ဆို​ကြသော ဒေါက်တာဝိုင်၏ ကဏ္ဍကိုမူ ကစားပြရန် အလွန်သဘောကျလေသည်။ သူတို့၏ ခံစားချက်၊ သူတို့၏ အပြုမူ၊ သူတို့၏ စိတ်အားထက်သန်မှုများ ထိုအရာများအားလုံးက သူနားမလည်နိုင်သလို သူမကျွမ်းကျင်နိုင်သော အရာများ ဖြစ်သည်။ လူသားဖြစ်သည့် မူများက ပိုင်ဆိုင်ထားသော ဖိအားများသည်ဆိုသော ခံစားချက်အမျိုးမျိုးကိုလည်း သူက မပိုင်ဆိုင်ထားချေ။ သူက မပြီးဆုံးသေးသည့် အရာများကို နဂိုတည်ထောင်ပြီးသား လမ်းကြောင်းအတိုင်း ဆက်လုပ်ကာ ပြီးမြောက်အောင် လုပ်ရုံသာ ရှိလေသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now