Part 16

1.2K 225 8
                                    

16 01

အပိုင်း (၁၆) ကြောင်

ဒေါက်တာဝိုင်ထံမှ နောက်ဆုံးပေါ် အထူးလျှို့ဝှက်မစ်ရှင်ကို လက်ခံခဲ့ရသော လေ့သွမ့်သည် ကျန်းကျိရင်ဘေးမှ ကြောင်ကိုဖမ်းပြီး တစ်ရက်လုံးဂရုစိုက်ပေးထားပြီး ညနေခင်းတွင် ထိုကြောင်ကို ဘေးကင်းလုံခြုံစွာ ပြန်ပို့ပေးရမည်ဆိုသည့် မစ်ရှင်ကို မည်သို့မှ လက်မခံနိုင်ဖြစ်နေသည်။

ထို့အပြင် အဓိကကတော့ အဲဒီအမွှေးလုံးလေးကို နည်းနည်းလေးမှ မထိခိုက်စေရဟူသည့် အချက်ပင်...

လေ့သွမ့်မှာ အလွန်နစ်နာနေသည့် မျက်နှာမျိုးဖြင့် လက်ဝါးထဲမှ နူးနူးညံ့ညံ့ အဖြူလုံးကြောင်ကလေးကို ကြည့်နေမိသည်။ ဤအမွှေးလုံးကို ကိုင်ထားပြီး တကယ်ကို ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ ကြောင်ကလေးက သူ့ကို အတော်လေး မလိုလားသလို စိုက်ကြည့်နေကာ စိတ်တိုနေဟန်ဖြင့် ရေခဲတုံးများဖြင့် သူ့ကိုပစ်နေသည်။

မုန့်ကာလီတစ်ယောက် ဘယ်အချိန်က သူ့ဘေးပေါ်လာမှန်းကိုပင် မသိလိုက်အောင် လေ့သွမ့် စိတ်ညစ်နေရသည်။ မုန့်ကာလီသည် သူ့လက်ဝါးထဲမှ ကြောင်ကလေးကို အံ့ဩစွာ ကြည့်နေခဲ့သည်။ သူ၏ အမူအယာတို့က မေးနေသည်။

'ငါ ထိကြည့်လို့ရလား'

မုန့်ကာလီသည် မိန်းမပျိုလေးတစ်ယောက်၏ အံ့ဩဟန်အငွေ့အသက်တို့ဖြင့် လေထဲတွင် လွှင့်မြောနေပြီး သူ၏ ဝတ်ရုံအကြီးကြီးအောက်တွင် မြှပ်နေပြီး သရဲတစ်ကောင်လုံပုံစံမျိုးကိုပါ ထပ်ဖြည့်လိုက်လျှင် လေ့သွမ့်မှာ ထိုလေလွင့်ကောင်အား တည့်တည့်ပင် မကြည့်နိုင်ပါချေ။

ဒေါက်တာဝိုင်၏ စခန်းတွင် ဤ မုန့်ကာလီသည် အလွန်တရာကို လျှို့ဝှက်ဆန်းကြယ်လွန်းသော ပုံရိပ်တစ်ခုကို အပြည့်အဝပုံဖော်ထားသူ ဖြစ်သည်။ သူ၏ ဆန်းကြယ်ရသည့် အဓိက အကြောင်းအရင်းမှာ သူ၏ ဝတ်စားဆင်ယင်ပုံမှ လာသည်။

သူ့အရပ်သည် မရှိဘူးဆိုလျှင်တောင် အနည်းဆုံး ၁.၆မီတာ ရှည်သည်။ ခေါင်းအစခြေအဆုံး အလုံလွန်နေသော အမည်းရောင်ဝတ်ရုံရှည်ကြီးကို ခြုံထားတတ်ကာ အမည်းရောင်ခေါင်းဆောင်းကြီးက မျက်နှာကို မမြင်ရသည်အထိ ဖုံးထားတတ်သေးသည်။ သူ့မျက်နှာတစ်ပြင်လုံးတွင် လူမြင်ရတာဆို၍ မေးစေ့လေးသာ ရှိသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now