Part 58

695 101 1
                                    

အပိုင်း (၅၈)

နှစ်မိနစ်အတွင်းမှာပင် လေဟာနယ်က ကွဲထွက်သွားပြီး ရင်ပြင်အလည်တည့်တည့်တွင် အဖြူရောင်ကုတ်ဝတ်ထားသော ဒေါက်တာဝိုင် တိုက်ရိုက်ပေါ်လာသည်။ သူသည် သနားစရာ အဖြူရောင် ဖက်ထုပ်လေးနားသို့ မြန်မြန်လျှောက်သွားပြီး ကောက်ချီလိုက်သည်၊ ထို့နောက် ကြောင်ကလေး၏ မေးစေ့လေးကို ပွတ်ပေးကာ အမွှေးပွပွ အလုံးလေးကို အသာအယာ နှိပ်ပေး၍ နှစ်သိမ့်သည်။

"မီမီ အဆင်ပြေတယ်နော် အဆင်ပြေတယ် မင်းကို အပြင်တစ်ယောက်ထဲ မထွက်ဖို့ ကိုယ်မှာထားတယ်လေ"

ကျန်းကျိရင် ရုတ်တရက် ကောက်ချီခံလိုက်ရပြီး စိတ်တိုသွားသည်။ သူသည် တိုးညှင်းစွာ အော်လိုက်ပြီး နောက်သို့လှည့်၍ ယင်ညန်ကို လက်ဝါးသေးသေးလေးဖြင့် ရိုက်ကာ သူ့ကို အောက်ချပေးခိုင်းသည်။ သို့သော် သူ၏ လက်ကလေးများက တိုနေသောကြောင့် ယင်ညန်ကို မထိမိဘဲ လေကိုသာ ရိုက်မိသည်။

ယင်ညန်က သူ၏ လက်ဝါးသေးသေးလေးကို ဆွဲလိုက်ပြီး အသာလေးယမ်းလိုက်ကာ ချစ်ခင်စွာပြောလာသည်။

"ငဂျစ်ကလေး လိမ္မာပါတယ်ကွာ"

ကျန်းကျိရင် အောက်သို့ အတင်းကော့ထိုး၍ ဆင်းဖို့လုပ်သည်။ ထို့နောက် သူ့ကိုယ်လေးကို အတင်းဆန့်၍ အကျဉ်းထောင်ရှိရာသို့ သွားဖို့လုပ်လာသည်။ ယင်ညန်အလျော့ပေးရုံသာ တတ်နိုင်ပြီး ကျန်းကျိရင်ကို ချီထားလိုက်ကာ

"ကောင်းပြီ ကောင်းပြီ မင်းဘယ်ကိုသွားချင်လဲ ကိုယ့်ကိုပြော ကိုယ်ခေါ်သွားမယ်နော်"

လူတိုင်းသည် အသည်းတယားယားဖြင့် လက်ချောင်းလေး လှည့်လိုက်ရုံနှင့် သေသွားနိုင်သည့် သေလမ်းရှာနေသော ဒေါက်တာ၏ ရင်ဘတ်တွင် ထိုင်နေသော ဖက်ထုပ်လုံးလေးကို ကြည့်နေကြသည်။ ၎င်းက သူ၏ လက်ပုတိုလေးများကို ဆန့်၍ သွားချင်သည့် ဦးတည်ဘက်ကို ညွှန်ပြကာ တမြှောင်မြှောင်အော်၍ ခိုင်းသည်။ သူကသာလျှင် ဤနေရာမှ တကယ့် ဘော့စ် ဖြစ်သလို ပုံစံမျိုးနှင့် သူ့ကိုချီထားသူမှာ သူ့လက်အောက်မှ ညီငယ်လေးလို ပိုင်ပိုင်နိုင်နိုင်နှင့် ခိုင်းနေလေသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now