Part 89

192 17 0
                                    

အပိုင်း (89)

ကျန်းကျိရင်၏ နေရာရွှေ့ပြောင်းလိုက်သော တည်နေရာက ကျပမ်းဖြစ်နေသည်။ သူကလည်း ဒေါက်တာဝိုင်၏ အခြေစိုက်စခန်းသို့ ရောက်သွားမည်ဖြစ်ကြောင်း အာမခံချက် ရှိပြီးသားဖြစ်သည်။ သို့သော် နေရာအတိအကျကိုမူ မသိနိုင်ချေ။ ဒီတစ်ကြိမ်တွင် သူက ရင်းနှီးကျွမ်းဝင်သော နေရာတစ်ခုဖြစ်သည့် ပစ္စည်းအသစ်တစ်ခုဖြင့် လုပ်ထားသော အဖြူရောင်ဂိတ်က ပိတ်နေသည့်လမ်းရှေ့သို့ ရောက်သွားသည်။

ယခင်နေရာများနည်းတူ ထိုဂိတ်၏ အနောက်တွင်လည်း အဝေးတစ်နေရာသို့ ဆက်သွားနိုင်သည့် လမ်းကြောင်းရှည်ကြီး ရှိနေပေလိမ့်မည်။

ကျန်းကျိရင်ကလည်း သူပထမဦးဆုံးအကြိမ် ယင်ညန်၏ အခြေစိုက်စခန်းသို့ လာသောအချိန်က ကြောင်အဖြစ်နှင့်ဖြစ်ကြောင်း မှတ်မိသေးသည်။ သူက မည်သည့်ကြောက်လန့်မှုမှမရှိဘဲ သူ၏ ​ကြောင်ပုံစံနှင့် လျှောက်သွားနေကျဖြစ်သည်။ ထို့​နောက် သူက ဒီနေရာသို့ ရောက်လာခဲ့သည်။ သို့သော် ထိုအချိန်တွင် သူ၏ ကြောင်ခန္ဓာကိုယ်က သေးငယ်လွန်းသဖြင့် တံခါးကို မဖွင့်နိုင်ခဲ့ချေ။ သူက တံခါး၏ အရှေ့တွင် အချိန်အကြာကြီး သွားလိုက်လေသော အချိန်တွင် ယင်ညန်က ဖမ်းမိသွားခဲ့ခြင်းဖြစ်သည်။

ယင်ညန်ကသူ့ကို လက်မောင်ထဲတွင် ချီပွေ့ထားပြီး ကြင်နာစွာ ပြောခဲ့သည့် စကားကို မှတ်မိနေသေးသည်။

"မီမီ မင်းအဲဒီနေရာကို သွားလို့မရဘူး"

ကလေးများ၏ အိပ်ရာဝင် ပုံပြင်ဖြစ်သည့် "မုတ်ဆိတ်ပြာနှင့် ဇနီး၇ယောက်" အထဲကအတိုင်း ဖြစ်နေသည်။

ကျန်းကျိရင်က ဂရုမစိုက်ဘဲ တံခါးကို တွန်းဖွင့်လိုက်သည်။ သူက ထိုသို့ ဖွင့်လိုက်သည့်အချိန်တွင် အတွင်းမှ ရုတ်တရက် ထိန်လင်းလာသော အလင်းရောင်ကြောင့် မျက်စိကျိန်းသွားသည်။

ကျန်းကျိရင်က အလျင်စလို ညာဘက်လက်ကို မြှောက်ကာ မျက်လုံးကို အုပ်လိုက်ရသည်။ ထို့နောက် ၃စက္ကန့်ခန့် ကြာပြီးမှသာ ပြန်ချလိုက်သည်။ တံခါး၏ အဟကြားမှတစ်ဆင့် အပြာရောင်အလင်းများ ရောင်ပြန်ဟပ်နေသည့် ဖောက်ထွင်းမြင်ရနိုင်အောင် ကြည်လင်သော ကြီးမားသည့် ရေခဲသလင်းတုံးကြီးကို မြင်လိုက်ရသည်။ တစ်ခန်းလုံး အေးစိမ့်သော လေထုက ပြည့်နှက်နေသည်။ ထို့အပြင် ထိုရေခဲသလင်းတုံး၏ အထဲတွင် ခဲထားသည့် အနီရောင်တောက်ပလွန်းသော နှင်းဆီပန်းစည်းကို မြင်လိုက်ရသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now