Part 69

309 37 0
                                    

အပိုင်း (69)

သိပ်မကြာခင် ယင်ညန်၏ လက်သည်းကြောင့် ခေါင်းအုံးစွပ်က အမခံရပြီး နာကြီးစိတ်ဖြင့် စိတ်တိုနေသော အဖြူရောင်အလုံးလေး ကျိရင်က ပေါ်လာသည်။

"အောင်း"

ကျန်းကျိရင်က လက်သည်းတွေကို ယင်ညန်ဆီ မကျေမနပ် ဆန့်တန်းလိုက်ပြီး သူ၏ တင်ပါးလေးကိုလိမ်ကာ ခေါင်းအုံးအဝှေ့နောက် လိုက်ပြေးသည်။ ရလဒ်အနေဖြင့် သူက ခြေလှမ်းအနည်းငယ် မလှမ်းနိုင်သေးခင် တစ်ဖန်ပြန်လည် ဖိချခံရပြန်သည်။

ခန္ဓာကိုယ်အရွယ်အစား အားသာချက်ကြောင့် ကြောင်ယင်ညန်က ကြောင်ကျန်းကျိရင်ကို ခန္ဓာကိုယ်အောက်တွင် ဖိထားလိုက်သည်။

"အောင်း အောင်း အောင်း"

ကျန်းကျိရင်က သူ၏ခပ်တိုတိုတုတ်တုတ် ​ခြေလက်လေးဖက်ကို ရမ်းခါနေပြီး လွှဲရမ်းနေကာ ယင်ညန်ကို သူ၏ အသားပြားလေးများဖြင့် ဖိနိုင်ရန် အကောင်းဆုံး ကြိုးစားသည်။

"ငါ့ကို လူအဖြစ် ပြန်ပြောင်းလိုက်စမ်းပါ၊ ဘာကြောင့် ငါ့ကို ကြောင်အဖြစ် ပြောင်းလိုက်တာလဲ"

ကျန်းကျိရင်ကမူ သူ၏ တောက်ပသောအနက်ရောင် မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ပြီး တိုက်ခိုက်လိုခြင်း အပြည့် ဖြစ်လိုက်သည်။ ရလဒ်အနေဖြင့် ယင်ညန်က သူ့ကို အလွယ်တကူ လက်တစ်ဖက်တည်းဖြင့် ဖိထားလိုက်သည်။

အပြင်ဘက်မှ အားခုန်းနှင့်အားမူတို့၏ အသံက ထွက်လာသည်။

"ဘာလို့ ခေါင်းဆောင်ရဲ့ကြောင်က အော်နေတာလဲ၊ တစ်ခုခုဖြစ်လို့လား"

ထို့နောက် အားမူ၏ တံခါးခေါက်သံ ထွက်လာသည်။

"ခေါင်းဆောင် ခေါင်းဆောင် ခေါင်းဆောင်"

ကျန်းကျိရင်ကမူ မှင်တက်သွားပြီး မလှုပ်ရဲတော့ချေ။ သူက ယင်ညန်ကိုပင် ရူးကြောင်ကြောင် ကြည့်နေပြီး သူ့အား ​ဖြေရှင်းချက်တစ်ခု မြန်မြန် ရှာရန် သို့မဟုတ် မြန်မြန်လူပြန်ပြောင်းရန် အချက်ပြနေလိုက်သည်။

သို့ရာတွင် ယင်ညန်ကမူ သူ၏ ခပ်တိုတိုတုတ်တုတ် ခြေလေးဖက်ဖြင့် ခပ်တင်းတင်း ဖက်ကာ မျက်လုံးကို မှိတ်ကာ သေချင်ယောင်ဆောင်နေသည်။ တုံ့ပြန်မှုပင် မရလာပေ။ ကျန်းကျိရင်က ဒေါသထွက်လွန်း၍ မျက်ရည်ပင် ကျချင်သွားသည်။ သူက သူ၏အသား လက်ဖဝါးပြားလေးများကို သုံးပြီး ခေါင်းအုံးကို မုန်းတီးစွာ ရိုက်နေလိုက်သည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now