Part 88

174 24 0
                                    

အပိုင်း (88)

ကျဆုံးခြင်းမြို့ထဲတွင် အနွေးထွေးဆုံးနေရောင်ကပင် မည်းမှောင်နေသော မြူထုကို ပျောက်ပြယ်သွားအောင် မစွမ်းနိုင်ချေ။

မဟာမိတ်အဖွဲ့မှ လူများက ထိုဒေသကို အခြေချသောအခါ အထီးကျန်ဆန်လွန်းသည့် အနက်ရောင် သတ္ထုဂိတ်ပေါက်ကြီးနှင့် ရှင်းလင်းနေသော တောဒေသကြီးကိုသာ မြင်လိုက်ရသည်။

မိုးကြိုးအဖွဲ့ဝင်တိုင်းက ထိုကောင်းကင်အောက်တွင် ပျောက်ဆုံးသွားသလို ဖြစ်သွားသည်။ မည်သူကမှလည်း ထိုကိစ္စ၏ နောက်ကွယ်မှ အကြောင်းပြချက်ကို မဖြေရှင်းနိုင်ပေ။ မည်သူကမှလည်း သူတို့က မည်သည့်နေရာသို့ ထွက်ပြေးသွားကြောင်း သို့မဟုတ် အမည်မသိရသော ပြင်ပအားတစ်ခုခု၏ လွှမ်းမိုးမှုအောက်တွင် ပျောက်ကွယ်သွားခြင်းဖြစ်ကြောင်း မသိနိုင်ကြချေ။ ဒုတိယမြောက်အကြောင်းကြချက်က ပို၍ပင် ကျောစိမ့်ဖွယ်ကောင်းလေသည်။

ဘယ်လိုအင်အားစုမျိုးက ရဲ့ရင့်ပြတ်သားတဲ့ မဟာမိတ်အဖွဲ့တစ်ဖွဲ့ကို သဲလွန်စတောင် မကျန်ရစ်အောင် ပျောက်သွားစေနိုင်မှာလဲ။

မည်သူကမှလည်း သူတို့က တားမြစ်ဒေသအတွင်း ရောက်နေလောက်မည်ဟု သံသယ မဝင်ကြချေ။ အကြောင်းမူကား ထိုအချိန်က ကောင်းကင်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ယွင်လဲ့ထျန်းက ချန်ရစ်ထားခဲ့သည့် သတင်းကြောင့် ဖြစ်သည်။ ဒီနေရာက တားမြစ်နယ်မြေဖြစ်ကြောင်း သူတို့က သိထား၏။ ဒဏ္ဍာရီလာ ဒေါက်တာဝိုင်က ဖန်တီးထားခဲ့သည့် အင်အားအကြီးဆုံး ဖုတ်ကောင်စစ်တပ် အမှောင်အစောင့်များက အတွင်းတွင် ရှိနေသည်။

မိုးကြိုးအဖွဲ့ကပင် အမှောင်အစောင့်များ၏ အရှေ့တွင် အားနည်းလွန်းနေပေလိမ့်မည်။ သူတို့က ကျောက်တုံးကို ကြက်ဥဖြင့် ပေါက်သလို ဖြစ်နေပေလိမ့်မည်။ မိုးကြိုးအဖွဲ့ကသာ ဝင်သွားခဲ့လျှင် ကိုယ့်ကိုယ်ကိုယ် သေလမ်းပို့နေသော အခြေအနေနှင့် မခြားနားနိုင်တော့ချေ။

အမှန်တရားက မိုးကြိုးအဖွဲ့က တားမြစ်နယ်မြေထဲတွင် ကောင်းကောင်းမွန်မွန် ရှင်သန်နေနိုင်ကြလေသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now